Tuesday, June 26, 2012

မဟာသာသနာ့ဝေပုလ္လကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တဓမ္မတိဏ္ဏ-၏ ကျင့်စဉ်၊ ပုတီးစိပ်နှင့် သက်ရှည်ကျန်းမာနည်း

“ဣဒံ အ,ပ္ပဋိကုဇ္ဈန္တော၊ သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ”
ဣဒံ-အမျက်ထွက်တဲ့ပုဂ္ဂိုလ်ကို၊ အ,ပ္ပဋိကုဇ္ဈန္တော-ပြန်လှန် အမျက်မထွက်သော ပုဂ္ဂိုလ်ကို၊ ဒုဇ္ဇယံ-အောင်နိုင်ခဲသော၊ သင်္ဂါမံ-စစ်ပွဲကြီးကို၊ ဇေတိ-အောင်နိုင်သည် မည်၏။ တဲ့။

Monday, June 25, 2012

ပင့်ကူအခြောက်-၏ ကလေးအတွက် ဆေးစွမ်း


ကလေးငယ် နှာပိတ်နေပြီး အသက်ရှူရ ကျပ်နေကာ အနေရအထိုင်ရ ဆိုးနေပြီး တအီအီဖြစ်လျက် လက်ပေါ်မှ ချမရဘဲ ချော့မော့နေရသော်---
ပင့်ကူ အသေကောင် အခြောက် ၂-ကောင် ၃-ကောင်ကို အုန်းဆီအနည်းငယ်ထဲ ခြေမွ၍ထည့်ပြီး ပျစ်ပျစ်ဖျော်ပါ။
ထိုဆေးဖြင့် ကလေး၏ နှာရောင်တွင် အပေါ်မှ အောက်သို့ လိမ့်ပြီး သပ်ချပေးလိုက်ပါ။ မကြာမကြာ ပြုလုပ်ပေးလိုက်ပါ။
နှာပွင့်သွားပြီး နေသာထိုင်သာ ဖြစ်၍ ကြည်လင်လာပါလိမ့်မည်။

မုံတဝဂူ ဆရာတော်-၏ သြဇာထက်မြက် လာဘ်ရွှင်စေရာ ဤဂါထာ ပုတီးစိပ်ကြပါ

၁။ အရဟံ သိဒ္ဓိ ဘဂဝါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ (ပုတီးတစ်လုံးချ)
၂။ အရဟံ သိဒ္ဓိ ဘဂဝါ ဓမ္မံ သရဏံ ဂစ္ဆာမိ။ (ပုတီးတစ်လုံးချ)
၃။ အရဟံ သိဒ္ဓိ ဘဂဝါ သံဃံ သရဏံ ဂစ္ဆာမိ။ (ပုတီးတစ်လုံးချ)
ထိုကဲ့သို့ (၉)ပတ်တိတိ နေ့စဉ် မှန်မှန် စိပ်ပါ။ 

နေနတ်သား စာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တကလျာဏ-၏ ကျင့်စဉ်၊ ရွတ်ပွားဂါထာတော် နှင့် သက်ရှည်ကျန်းမာနည်း

(ကျင့်စဉ် စရဏ)
“ဘုန်းကြီးက နေ့စဉ် အရုဏ်မတက်ခင် မနက် ၄-နာရီခွဲလောက်မှာ  နိုးထပြီး ပဋ္ဌာန်း၊ ပရိတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ မဟာသမယသုတ်တော်များကို အမြဲရွတ်ပွားပြီး အနန္တကျေးဇူးတော်ရှင် မြတ်စွာဘုရားအား ပူဇော်လေ့ရှိပါတယ်။ ရွတ်ပွား မပူဇော်ခင်မှာ နတ်ဒေဝါတွေအားလုံး ပင့်ဖိတ်ပြီးတော့မှ စနစ်တကျ ရွတ်တယ၊ ပြီးသွားတော့လဲ ကိုယ်စောင့်နတ်မှအစ အားလုံးသော နတ်ဒေဝါတွေကို မေတ္တာပွားများပြီး အမျှပေးဝေတယ်။ အဲဒီလို နှစ်ပေါင်း ကြာရှည်စွာ ကျင့်ကြံလာတော့ နတ်ဒေဝါတွေက ကူညီစောင့်ရှောက်တယ် ထင်ပါရဲ့။


သာသနာပြုလုပ်ငန်းတွေဟာ အစစအရာရာ အောင်မြင်ခဲ့တယ်။ တကယ်တော့ ကျင့်စဉ်ဆိုတာ အရုဏ်မဆတက်ခင်မှာ ရွတ်ပွားတာဟာ အကောင်းဆုံးပဲ၊ ဘာလို့လဲဆိုရင် ဒါမှ နတ်ဒေဝတာတွေဟာ ကြွရောက်လာနိုင်ကြလို့ပါ။ 
လူတွေရဲ့ အနံ့အသက်ကို နတ်ဒေဝါတွေက မခံနိုင်တာမို့ စောစောရွတ်ပွားတာဟာ သူတို့အတွက် ကောင်းကျိုးရှိတယ်၊ အမျှကုသိုလ်တွေကို ရရှိနိုင်တယ်၊ နောက်ပြီး မိမိအတွက်လဲ အရုဏ်မတက်ခင် နိုးနိုးချင်း ဘာစိတ်အနှောင့်အယှက်မှ မရှိသေးခင် ကျင့်စဉ်တွေကို ရွတ်ပွားပူဇော်တဲ့အခါ သမာဓိ ပိုရှိနေတော့ ကောင်းကျိုးများတာပေါ့။”


ကျင့်စဉ်များကို အားထုတ်သောအခါ လိုအပ်ချက်အနေဖြင့် ဆရာတော်ကြီးမှ ပရိတ် ပဋ္ဌာန်းတရားတော်တွေကို နာကြားနေတဲ့ပုဂ္ဂိုလ်ဟာ ပရိတ်အစောင့်အရှောက်ကို လိုချင်တဲ့အခါ ကံကြီးထိုက်နေရင် အဲဒီပုဂ္ဂိုလ်ကို ပရိတ်တော်တွေက မစောင့်ရှောက်ဘူး။ 
နောက်ပြီး ပရိတ်နာတဲ့ပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဋ္ဌိအယူ ရှိနေရင်လဲ မစောင့်ရှောက်နိုင်ဘူး။ 
ပြီးတော့ ပရိတ်ပဋ္ဌာန်းတွေကို နာတော့ နာပါရဲ့၊ ဒါပေမယ့် သိပ်မယုံဘူးဆိုရင်လဲ အဲဒီပုဂ္ဂိုလ်ကို မစောင်ရှောက်ပါဘူး။
အဲဒါကို လင်္ကာအနေနဲ့---
“ကံ ကိလေသာ၊ စင်ကွာလွတ်ကင်း၊ ယုံကြည်ခြင်း၊ နာလျှင်း သုံးအင်္ဂါ”တဲ့ 

တစ်ခါ ပရိတ်ပဋ္ဌာန်းတော်တွေကို ရွတ်ပွားတဲ့ပုဂ္ဂိုလ်အနေနဲ့ ပုဒ်ပါဌ်အက္ခရာတွေကို မှန်ကန်စွာ ရွတ်တတ်ရမယ်။ 
ပရိတ်ပဋ္ဌာန်းတော်တွေရဲ့ အနက်အဓိပ္ပါယ်တွေကို ကောင်းကောင်း နားလည်ရမယ်။
ပရိတ်နာကြားနေတဲ့ မြင်အပ်, မမြင်အပ် ပုဂ္ဂိုလ်တွေအပေါ်မှာ သနားတဲ့ ကရုဏာစိတ်၊ ကောင်းကျိုး လိုလားတဲ့ မေတ္တာစိတ်တွေကို ထားရှိနေရမယ်။ ဟု မိန့်ကြားတော်မူပါသည်။


(ရတနာမြတ်သုံးပါး သစ္စာပြု ရွတ်ပွားဂါထာတော်)
၁။ အဂ္ဂေါ မေ ဗုဒ္ဓေါ လောကဿ၊
အဂ္ဂေါ မေ ဓမ္မော လောကဿ၊
 အဂ္ဂေါ မေ သံဃော လောကဿ၊
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ အဂ္ဂမင်္ဂလံ။

၂။ ဇေဋ္ဌော မေ ဗုဒ္ဓေါ လောကဿ၊
ဇေဋ္ဌော မေ ဓမ္မော လောကဿ၊
ဇေဋ္ဌော မေ သံဃော လောကဿ၊
 ဧတေန သစ္စဝဇ္ဖေန၊ ဟောတု မေ ဇေဋ္ဌမင်္ဂလံ။

၃။ သေဋ္ဌော မေ ဗုဒ္ဓေါ လောကဿ၊
 သေဋ္ဌော မေ ဓမ္မော လောကဿ၊
သေဋ္ဌော မေ သံဃော လောကဿ၊
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ သေဋ္ဌမင်္ဂလံ။

(လူတိုင်းအတွက် အသေကောင်းရန် ဂုဏ် ၆-တန်)
ကိစ္စမများ၊ စကားနည်းစေ၊ ရောယှက်မှုကင်း၊ အိပ်ခြင်း ရှောင်သွေ၊
ပေါင်းသင်းမပြု၊ ချဲ့မှုပယ်လေ၊ သေကောင်းမှု၊ ခြောက်ခု ရှောင်ကြဉ်လေ။

ဦးထွန်းအောင် 
 

Sunday, June 24, 2012

လမင်း ဂါထာ

၁။ နမော တေ ဗုဒ္ဓဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။
    သမ္မာဓပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘဝ။
၂။ တထာဂတံ အရဟန္တံ၊ စန္ဒိမာ သရဏံ ဂတော။
    ရာဟု စန္ဒံ ပမုဉ္စဿု၊  ဗုဒ္ဓါ လောကာနုကမ္ပကာ။


( အနက် )
(က) ဝီရ-ကြီးမြတ်သောလုံ့လရှိတော်မူသော၊ ဗုဒ္ဓ-မြတ်စွာဘုရား၊ တေ-အရှင်ဘုရားအား၊ နမော-ရှိခိုးခြင်းသည်၊ အတ္ထု-ဖြစ်ပါစေသတည်း။
(တွံ-အရှင်ဘုရားသည်)၊ သဗ္ဗဓိ-ခပ်သိမ်းသော အနှောင်အဖွဲ့တို့မှ၊ ဝိပ္ပမုတ္တော-ကင်းလွတ်သည်၊ အသိ-ဖြစ်တော်မူ၏။
(အဟံ-တပည့်တော်သည်၊ သမ္ဗာဓပဋိပန္နော-အကျဉ်းအကျပ်သို့ရောက်၍ နေသည်၊ အသ္မိ-ဖြစ်ပါ၏၊ တဿ မေ-ထို တပည့်တော်၏၊ သရဏံ-ကိုးကွယ်ရာသည်၊ ဘဝ-ဖြစ်တော်မူပါဘုရား။


(ခ) အရဟန္တံ-ပူဇော်အထူးကို ခံတော်မူထိုက်သော၊ တထာဂတံ-ငါဘုရားကို၊ စန္ဒိမာ-လနတ်သားသည်၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂတော-မှီဝဲ ဆည်းကပ်လေပြီ၊ ရာဟု-ရာဟုအသူရိန်နတ်၊ (တွံ-သင်သည်)၊ စန္ဒံ-လနတ်သားကို၊ ပမုဉ္စဿု-အမြန်လွတ်လိုက်ပါလော့၊ ဗုဒ္ဓါ-ဘုရားရှင်တို့သည်၊ လောကာနုကမ္ပကာ-သတ္တလောကကို အစဉ်သနား စောင့်ရှောက် ကယ်တင်တော်မူတတ်ကုန်၏။

Tuesday, June 19, 2012

အရှင်ဉာဏဝရ (သာပေါင်း)၏ ချမ်းသာစွာနေနည်း ဘဝလမ်းညွှန်

ချမ်းသာစွာနေနည်း---
လူအများစုကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် အမြဲဒုက္ခပေးနေတဲ့ အရာ(၂)မျိုးရှိတယ်။ ဣဿာတရားနှင့် မစ္ဆရိယတရားတို့ပဲ ဖြစ်တယ်။

ဘာသာရေးရာ အဖြေလွှာ

(မေး) အချို့သော ဘုရားရှင်တို့၏ စေတီ၌ တန်ခိုးပြာဋိဟာ ပြသည်ဟု ကြားဖူးပါသည်။ အဘယ်သဘောကြောင့် တန်ခိုးပြာဋိဟာ ပြပါသနည်း။
(ဦးအေးသောင် -မန္တလေး)
(ဖြေ) ၁။ ရဟန္တာပုဂ္ဂိုလ်သည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် “စေတီတော်၌ ဤမည်သောတန်ခိုး ပြာဋိဟာသည် ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန်၏။
ထိုရဟန္တာပုဂ္ဂိုလ် အဓိဋ္ဌာန်၏ အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာ ပြသည်။

Monday, June 18, 2012

ဆီးချုပ်ပျောက်ဆေး

ဆီးချုပ်ပြီဆိုလျှင် 
နွားနို့စစ်စစ် အစိမ်း အစိတ်သား (၂၅)ကျပ်သားနှင့် ရိုးရိုးဆော်ဒါ တစ်ပုလင်း (အချိုရည်မဟုတ်၊ ဝီစကီစသည့် အရက်များနှင့် ရောသောက်သော ဆိုဒါရည် (Soda Water)ကိုရော၍ အကုန်သောက်ချလိုက်ရန် ဖြစ်ပါသည်။ 
ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ထည့်လျှင်လည်း  ရပါသည်။ ဆားမပါဘဲနှင့်လည်း ဖြစ်ပါသည်။


ကိုလင်း

ပဋ္ဌာန်းတရား မှတ်ဖွယ်များ

(ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏ)
ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏကို ဆဋ္ဌမူအရ ကောက်နှုတ်ဖော်ပြရလျှင် ပါဠိတော် အုပ်ရေ (၅)အုပ်၊ 
စာမျက်နှာပေါင်း (၂၄၆၀)မျက်နှာရှိသည်၊
အသံမစဲ ရွတ်ဖတ်ရန်အချိန် (၁၃၂)နာရီ ကြာသည်။
(ပေယျာလ မြှုပ်ကွက်များကို ဖော်ပြရွတ်ဆိုလျှင် တစ်သက်လုံး ရွတ်ဖတ်၍ မကုန်နိုင်ပါ။)

တန့်ကြည်တောင် ဝိပဿနာရိပ်သာ တာဝန်ခံဆရာတော် ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ ၎င်းန္ဒက-၏ အောင်မြင်ရေး ကျင့်စဉ်နှင့် အောင်မြင်စေကြောင်း နည်းလမ်းကောင်း

ဘုန်းကြီးရဲ့ အောင်မြင်ရေး ကျင့်စဉ်ကတော့ နေ့စဉ် မေတ္တာပွားတယ်၊ ပဋ္ဌာန်း(၂၄)ပစ္စည်းနှင့် ပဋ္ဌာန်းပစ္စယ နိဒ္ဒေသကို ရွတ်တယ်။ ပြီးတော့မှ မေတ္တာပွားများကာ အမျှဝေ၊ သာဓုခေါ်တယ်၊ ကျင့်စဉ်ကတော့ တစ်နာရီလောက် ကြာတယ်၊ ဒါပေမယ့် မြတ်စွာဘုရားကို ပဋ္ဌာန်းနဲ့ ပူဇော်ပြီး မြင်အပ်, မမြင်အပ်ကြတဲ့ ပုဂ္ဂိုလ်တွေကိုလဲ မေတ္တာပွားများ၊ အမျှပေးဝေတဲ့အတွက်ကြောင့် အားလုံးရဲ့ ကူညီစောင့်ရှောက်မှုတွေကို ရရှိတယ်။ ကိုယ်စောင့်နတ်မှအစ အားလုံးသော ပုဂ္ဂိုလ်တွေရဲ့ ပံ့ပိုးမှုတွေကို ရတာမို့ တစ်စတစ်စ အောင်မြင်လာတာပါ။

အမောအတွက် အပ်တကော်ဆေး

(၂) မတယ၊ အေးချမ်းသာယာ (၁)ရပ်ကွက်တွင် ကိုသန်းဋ္ဌေး-၏ ယောက္ခမ အသက် (၆၇)နှစ်အရွယ်ရှိ ဒေါ်လှထူးသည် တစ်ကိုယ်လုံး ဖောရောင်နေကြောင်း ကြားသိရသဖြင့် စာရေးသူလည်း ဒေါ်လှထူးကို သွားရောက်မေးမြန်း ကြည့်ရှုမိပါသည်။
မြင်တွေ့ရသည်မှာ စိတ်မကောင်းဖွယ်ရာ ဖြစ်နေပါ၏။ ကိုသန်းဋ္ဌေးမှာလည်း တတ်နိုင်သမျှ ဆေးဝါးကုသမှု ပြုလုပ်ပေးသော်လည်း ရောဂါက မထူးခြားဘဲ ငွေကုန်လူပန်း ဖြစ်နေရပါသည်။

Sunday, June 17, 2012

မိမိထံ ကောင်းသောနက္ခတ်ရောက်စေပြီး အနာကင်း ချမ်းသာခြင်းသို့ ရောက်စေသော ဂါထာတော်

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ကောင်းသောနက္ခတ်,ကောင်းသောအကျိုးစီးပွားများ မိမိ၏အထံသို့ ရောက်ရှိစေသော ပရိတ်တရားတော်မြတ်များကို ဟောကြားတော်မူခဲ့လေသည်။ ထိုပရိတ်တော်တို့ကို ရှေးဆရာတော်ကြီးများမှ သူ့အချိန်ခါနှင့်သူ ရွတ်ဖတ်နိုင်ကြစေရန် ယှဉ်တွဲစီစဉ်ပေးတော်မူခဲ့ပါသည်။ အစီအစဉ်တကျ ရွတ်ဖတ်ပုံမှာ---

Friday, June 15, 2012

ပုန်းတဲ့ဂဏန်း မိအောင်ဖမ်း


တူ...တူမလေးတို့ရေ
ကိန်းဂဏန်းလေးတွေနဲ့ ပျော်ရွှင်စွာ ကစားကြရအောင်နော်။
ဘယ်လို ကစားကြမလဲဆိုတော့---

မင်းတို့က မင်းတို့ဝှက်ချင်တဲ့ ဂဏန်းတစ်လုံးကို ဝှက်ထားရမယ်။ အဲဒါကို ဦးလေးက ဘာဂဏန်း ပါဆိုတာ ကွက်တိ ဖော်ထုတ်ပြီး စုံထောက်ကျော် လုပ်ပြမယ်။ ဒါပေမယ့် ကစားနည်းက ပရမ်းပတာတော့ မဟုတ်ဘူး။ အစီအစဉ်တကျတော့ ရှိရမယ်။ အစီအစဉ်အတိုင်း ဦးလေးကပဲ ဦးဆောင် ကစားသွားမယ်။

အာဠာဝက-အမေး၊ ဗုဒ္ဓ-အဖြေ

အာဠာဝက ဘီလူးသည် မြတ်စွာဘုရား၏ အောင်ခြင်းရှစ်ပါးထဲတွင် တထောင့်တနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။ အာဠာဝက နတ်ဘီလူးအား မြတ်စွာဘုရာရှင်မှ သည်းခံခြင်း၊ မေတ္တာဓာတ်ဖြင့် လွှမ်းခြုံ အောင်မြင်တော်မူခဲ့သည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးဖြစ်ကြပါလိမ့်မည်။

အာဠာဝကဘီလူးသည် မြတ်စွာဘုရားရှင်အား ရန်အမျိုးမျိုးဖြင့် ခြိမ်းမြောက်သမှုပြု၍ အနိုင်ရယူဖို့ ကြိုးစားခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ရသည်။ မြတ်စွာဘုရားရှင်အား ဒူးထောက်၍ အရှုံးပေးခဲ့ရသည်။ သို့သော် လွယ်လွယ်နှင့် အရှုံးမပေးလိုသော အာဠာဝကဘီလူးသည် ဘုရားရှင်အား နောက်ဆုံးအနေဖြင့် မေးခွန်းများ ထုတ်ခဲ့သည်။ ထိုမေးခွန်းများနှင့် ပတ်သက်၍ အာဠာဝက-၏ မေးခွန်းနှင့် ဘုရားရှင်၏ ပြန်လည်ဖြေကြားချက်များအား (သံယုတ်ပါဠိတော် ယက္ခသံယုတ်၊ အာဠာဝကသုတ်)၌ ဟောကြားဖော်ပြ ထားသည်ကို တွေ့ရှိရသည်။

အာဠာဝကဘီလူး အနေဖြင့် မေးခွန်းများအား ခဲခဲယဉ်းယဉ်း မေးခဲ့ရသော်လည်း မြတ်စွာဘုရားရှင်က လွယ်လွယ်ကူကူပင် ပြန်လည်ဖြေကြားတော်မူခဲ့သည်။

Tuesday, June 12, 2012

အိမ်သစ်ဆောက်ရာ ပန္နက်မှာ မှန်စွာထားတတ်မှ

အိမ်သစ်ကို ပန္နက်မချခင်မှာ ကန်တော့ပွဲနှင့် နတ်ဗြဟ္မာတွေကို ဦးစွာပူဇော်ရမယ်။ ပူဇော်တဲ့အခါ ပေါက်ပေါက်၊ သစ်သီး၊ ပန်း၊ ဆီမီး၊ မုန့်ထမင်းတို့ထည့်ပြီး ပူဇော်ရမယ်။ ဒီလို ပူဇော်ပြီးမှ အိမ်ပန္နက် ချရမယ်။

၁။ တနင်္ဂနွေနေ့မှာ တနင်္လာအခါ သောက်ကြားသားကို အိမ်ဆောက်ဖို့ ပန္နက်ချစေရမယ်။
၂။ တနင်္လာနေ့မှာ အင်္ဂါအခါ စနေသားကို အိမ်ဆောက်ဖို့ ပန္နက်ချစေရမယ်။
၃။ အင်္ဂါနေ့မှာ ဗုဒ္ဓဟူးအခါ တနင်္ဂနွေသားကို အိမ်ဆောက်ဖို့ ပန္နက်ချစေရမယ်။
၎။ ဗုဒ္ဓဟူးနေ့မှာ ကြာသပတေးအခါ တနင်္လာသားကို အိမ်ဆောက်ဖို့ ပန္နက်ချစေရမယ်။
၅။ ကြာသပတေးနေ့မှာ သောကြာအခါ အင်္ဂါသားကို အိမ်ဆောက်ဖို့ ပန္နက်ချစေရမယ်။
၆။ သောကြာနေ့မှာ စနေအခါ ဗုဒ္ဓဟူးသားကို အိမ်ဆောက်ဖို့ ပန္နက်ချစေရမယ်။
၇။ စနေနေ့မှာ တနင်္ဂနွေအခါ ကြာသပတေးသားကို အိမ်ဆောက်ဖို့ ပန္နက်ချစေရမယ်။

အခု ဆရာပေးတဲ့ ပန္နက်ချဟာ အမြင်၊ နေ့စွဲ၊ အညွှန့်၊ အခါတွေမှာ ခရေဆောက်ထိပ်သား ဖြစ်တဲ့သဘော၊ နေ့(၆)နေ့မှာ နိုင်နင်းတဲ့ အခါကောင်းပဲ။


ပန္နက်သားကတော့---
ကြီးပွားချမ်းသာချင်ရင် သီဟရာဇာသား ပန္နက်ကို စနေထောင့်မှာ ထားပြီး ကျန်ပန္နက်ကို ထားလိုရာ ထားပြီး စိုက်နိုင်တယ်။
အကြီးအကဲ ဖြစ်ချင်ရင်တော့ ထိန်သားပန္နက်ကို အင်္ဂါထောင့်မှာ ထားပြီး ကျန်ပန္နက်တွေကို ထားလိုရာထားပြီး စိုက်နိုင်တယ်။
ဘေးရန်ကင်းဖို့ ဆိုရင်တော့ ဧကရာဇ်သား ပန္နက်ကို ရာဟုထောင့်မှာ ထားပြီး ကျန်ပန္နက်ကို ထားလိုရာထားပြီး စိုက်နိုင်တယ်။


မင်္ဂလာ ဆရာကြည်မြင့်

Sunday, June 10, 2012

ကလေး သွားပိုးစား ရောဂါ


ကလေးကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကျွမ်းကျင်သူ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများနဲ့ တွေ့ဆုံပြီး အာရောဂျံပရိသတ်ကို လစဉ်မပြတ် တင်ဆက်နိုင်ဖို့ ကျွန်မဟာ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာမျိုးဝင်းနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
သွားပိုးစားလို့ သွားတွေ ပျက်စီးသွားကြတဲ့ ကလေးတွေကို တွေ့တိုင်း သွားကျဲလေး ဒါမှမဟုတ်ရင်-သွားကျိုးလေးလို့ ချစ်စနိုးခေါ်ကြပါတယ်။ ဒါမျိုးဟာ တကယ်တမ်းမှာတော့ ချစ်စရာ မဟုတ်ပါဘူး။ သွားရောဂါဝေဒနာစွဲကပ်လို့ ဖြစ်ရတဲ့ အမှတ်အသားတရပ်ဆိုတာ ဒေါက်တာဦးမျိုးဝင်းရဲ့ ကျွမ်းကျင်စွာ ရှင်းပြပေးမှုကြောင့် ပိုပြီးသိခဲ့ရပါတယ်။

Saturday, June 9, 2012

သွားဖုံးရောင်ရောဂါ

အာရောဂျံမဂ္ဂဇင်းမှာ အထူးကုဆရာဝန်ကြီးများနဲ့ တွေပဆုံဆွေးနွေးခြင်းကို စဉ်ဆက်မပြတ် ဖော်ပြနိုင်ဖို့အတွက် ကျွန်မစီစဉ်နေဆဲမှာပဲ ကျွန်မတို့ အိမ်သားတွေထဲမှာရော၊ ကျွန်သူငယ်ချင်း တစ်ယောက်မှာပါ ဆက်တိုက်ဆိုသလို သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းတို့ကို ခံစားခဲ့ကြရပါတယ်။
တဆက်တည်းမှာပဲ ၁၉၉၄-ခုနှစ် ကမ္ဘာ့ကျန်းမာရေး ဆောင်ပုဒ်ဟာ “သွားနဲ့ခံတွင်း ရောဂါကင်း သင်၏ကျန်းမာခြင်း” (Oral Health For Healthy Life) ဆိုတာကို ကျွန်မတို့ အမှတ်ရနေကြပါတယ်။ အခြားသော ကြောက်မက်ဖွယ် ကူးစက်ရောဂါတွေကို ကျော်ပြီး ဦးစားပေးလှုပ်ရှားဖို့  သွားနဲ့ခံတွင်းရောဂါကို ရွေးချယ်ခဲ့ကြတာ အကြောင်းရှိပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ လူများရဲ့ ၉၀-ရာခိုင်နှုန်းဟာ တနည်းမဟုတ် တနည်း သွားဖုံးရောင်ရောဂါ (Gingivitis)ဖြစ်ပွားနေကြလို့ပါပဲ။

Wednesday, June 6, 2012

သစ်ပင်ခုတ်မှု သတိပြု


သစ်ပင်ခုတ်မှုသည် လူ့လောက၌ ပြဿနာတက်တတ်သည်။ သူ့အပင်, ငါ့အပင် အငြင်းပွားသည့် ပြဿနာ မဟုတ်ပါ။ သစ်ခုတ်မိသည့်အတွက် “ခိုက်”ခြင်း ဖြစ်ပါသည်။
သစ်ပင်တိုင်းလိုလိုမှာ မှီတင်းနေထိုင်သော နတ်, ရှိတတ်သည်။ သမန်းချုံလိုဟာမျိုးမှာပင် နတ်ရှိသည်ကို ဇာတ်တော်များအရ သိရပါသည်။

Tuesday, June 5, 2012

လေမဖြတ်အောင် ကြိုတင်ဆောင်


စာရေးသူသည် အသက် ၄၈-နှစ်ရှိပြီဖြစ်သလို အသက်အရွယ်နှင့်အတူ လေဖြတ်ရောဂါသည်များစွာကို တွေ့ကြုံခဲ့ရသည့်အလျောက် မကြာသေးမီ (၂)လကျော် (၃)လနီးပါးခန့်က စာရေးသူ၏ အမဝမ်းကွဲတစ်ယောက် လေဖြတ်ရောဂါ ရခဲ့သဖြင့် ၄င်းရောဂါနဲ့ ပတ်သက်သည့် ဆေးပညာရှင်များ၊ အကြောအနှိပ် ပညာရှင် အမျိုးမျိုးနှင့် ကုသခဲ့ရာ ယခုဆိုလျှင် တောင်ဝှေးလွှတ် လမ်းလျောက်နိုင်ခဲ့ပါသည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ အကြောနှိပ် ဆရာမကြီး ဒေါ်စန်းစန်းမှ လေဖြတ်ဝေဒနာသည်များသည် အလွန်ဆိုးပြီး ကြာရှည်စွာ ဒုက္ခများ ခံစားရပါသည်။ ထို့ကြောင့် လေမဖြတ်ရအောင် ကြိုတင်ဆောင်-ဆိုတဲ့ နည်းလေးကို ယခု အားလုံးသော စာဖတ်ပရိသတ်တို့ သိရှိပြီး ကြိုတင်ဖော်စပ် စားသုံးနိုင်ရန် စားရေးသူမှတဆင့် စေတနာကောင်းဖြင့် ပါရမီမဂ္ဂဇင်း ဆေးနည်းတိုကဏ္ဍမှ ဖြန့်ဝေငှပါသည်။

ဆေးနည်းမှာ---
၁။ ရှောက်ရွက် (၁၁)ရွက်
၂။ သကြား (၁၁)ကျပ်သား
၎င်းနှစ်မျိုးကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ပုလင်းတစ်လုံးအတွင်းသို့ ထည့်၍ ၄င်းဆေးများနှင့်အတူ ရေအပြည့်ထည့်ပြီး (၁၀)ညတိတိ ထားပြီးသောအခါ ၄င်းဆေးကို (၁၁)ရက်တိတိ သောက်သုံးပေးခြင်းဖြင့် လေဖြတ်ခြင်းရောဂါများနှင့် အမှန်တကယ် ကင်းဝေးနိုင်ပါသည်။

ချိုမျိုးညွန့် (စကု)

နေ့ည အစဉ် ရှုဆင်ခြင်

၁။ အိုရမည့်ဘေး၊ မရောက်သေး၊ မျှော်တွေးဆင်ခြင်ပါ။
မအိုးသေးခင်၊ တရားဝင်၊ အဆင်ပြေလှပါ။
အိုသောခါတွင်၊ တရားဝင်၊ အဆင်မပြေပါ။
အိုသောခါမှ၊ တရားမရ၊ မှားကြပါလိမ့်မှာ။

၂။ နာရမည့်ဘေး၊ မရောက်သေး၊ မျှော်တွေးဆင်ခြင်ပါ။မနာသေးခင်၊ တရားဝင်၊ အဆင်ပြေလှပါ။
နာသောခါတွင်၊ တရားဝင်၊ အဆင်မပြေပါ။
နာသောခါမှ၊ တရားမရ၊ မှားကြပါလိမ့်မှာ။

၃။ သေရမည့်ဘေး၊ မရောက်သေး၊ မျှော်တွေးဆင်ခြင်ပါ။မသေသေးခင်၊ တရားဝင်၊ အဆင်ပြေလှပါ။
သေသောခါတွင်၊ တွေဝေလျှင်၊ အဆင်မပြေပါ။
သောသောခါမှ၊ တရားမရ၊ မှားကြပါလိမ့်မှာ။

ဆီးချိုရောဂါအတွက် ဆေးတစ်လက်

ရောဂါအမျိုးမျိုး ဖြစ်ပွားကြရာတွင် ဆီးချိုရောဂါသည် အခြားရောဂါများထက် အစားအသောက် အနေအထိုင် ဆင်ခြင်ကြရပါသည်။ အစားအသောက်များ မဆင်ခြင်ပါက ဆီးချိုရောဂါမှတစ်ဆင့် ဆုံးရှုံးရမှုများ ရှိကြပါသည်။

ကျွန်မသည် မြန်မာဆေးနည်းများအား အလေးထား အားထားသူ ဖြစ်ပါသည်။ မြန်မာဆေးနည်းတိုများမှာ အဓိက ငွေကုန်သက်သာပြီး ထိရောက်စွာ ပျောက်ကင်းကြပါသည်။

ဆီးချိုရောဂါနှင့်ပတ်သက်၍ ကျွန်မတို့အိမ်သို့ မိတ်ဆွေတစ်ဦး လာရောက်ပြီး မြန်မာဆေးများအကြောင်း စကားလက်ဆုံ ပြောကြရာမှ ဆီးချိုရောဂါအတွက် ဆေးတစ်နည်းအား သိခဲ့ရပါသည်။ ကျွန်မ၏ အသိမိတ်ဆွေ ဖြစ်သူ မချိုမှ အောက်ပါအတိုင်း အဆင့်ဆင့် ပြောပြပါသည်။

ဆေးဖော်နည်းမှာ ခက်ခဲမှုမရှိဘဲ အလွန်လွယ်ကူပြီး ငွေကုန်သက်သာသော ဆေးနည်းတစ်လက် ဖြစ်ပါသည်။ မိမိနေအိမ် ပတ်ဝန်းကျင်တွင် အမြဲတမ်းရှာဖွေ ပြုလုပ်နိုင်ပါသည်။

ပထမအနေဖြင့်---
သင်္ဘောသီးအစိမ်း အနေတော်တစ်လုံးအား ရေစင်ကြယ်စွာ ဆေးကြောပြီး သင်္ဘောသီး၏ အညှာမှ ဓားဖြင့်လှီးဖြတ်၍ သင်္ဘောသီးအစေ့များအား သင့်တော်ရာ ဇွန်းဖြင့် ခြစ်ထုတ်ပါ။

ဒုတိယအနေဖြင့်---
ယင်းသေင်္ဘာသီး၏ ဝမ်းတွင်းထဲသို့ လက်ဖက်ခြောက်ကောင်းကောင်း သင့်တော်ရုံထည့်၍ ရေနွေးဆူဆူအား
 လောင်းထည့်ပါ။ ထို့နောက် သင်္ဘောသီး၏အဝကို ယခင်က လှီးဖြတ်ထားသော သင်္ဘောအညှာဖြင့် ပြန်ပိတ်ပြီး (၅)မိနစ်ခန့်ထားပြီး သင်္ဘောသီးအား ကရွတ်ခွေဖြင့် ထားပါ။

တတိယအနေဖြင့်---
ယင်းသင်္ဘောသီးထဲမှ ရေနွေးအဖန်အား တစ်နေ့လျှင် ၃-ကြိမ်ခန့် များများ သောက်ပေးပါ။ နေ့စဉ် ၁-လခန့် သောက်ပေးပါက ဆီးချိုရောဂါ သက်သာသွားပါသည်။ ၃-လခန့် နေ့စဉ် သောက်သုံးပေးပါက ဆီးချိုရောဂါ သက်သာပျောက်ကင်းသွားမည်ဟု ပြောပြပါသည်။

ဆီးချိုရောဂါဖြစ်နေသော လူနာရှင်များအား ငွေကုန်သက်သာပြီး ရှာဖွေရလွယ်ကူသော ဤဆေးနည်းအား စိတ်ရင်းစေတနာမှန်ဖြင့် အများပြည်သူများအား တင်ပြအပ်ပါသည်။

စေတနာ မေတ္တာများဖြင့်
လှိုင် (အညာမြေ)

Friday, June 1, 2012

လစဉ် ဟောစာတမ်း (ဂျွန်လ ၂၀၁၂)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မတ်လ ၂၀၁၂ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0272 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။