Monday, July 30, 2012

မဟာစည် နာယက ပဲနွယ်ကုန်း ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ-၏ သုတပန်းခိုင်

၁။ ပုံတော်ဘုရား၊ ဂုဏ်တော်ဘုရား၊ ဥာဏ်တော်ဘုရား သုံးမျိုးထဲက 
     ဂုဏ်တော်ဘုရားနဲ့ ဥာဏ်တော်ဘုရားကို ကြည်ညိုတတ်အောင်  ကြိုးစားပါ။
၂။ မြတ်စွာဘုရားရဲ့ တရားတော်တည်းဟူသော အရိပ်ကို မှီခိုပြီးနေရရင် 
     တစ်ဘဝသာမက ဘဝသံသရာ အဆက်ဆက် နိဗာန်ရောက်သည်ထိအောင် ချမ်းသာသွားနိုင်ပါတယ်။
၃။ နွားခြေရာသို့ လှည်းဘီးက အစဉ်လိုက်သလို 
    မကောင်းသောစိတ်ဖြင့် ပြောဆို ပြုလုပ်လျှင် ကိုယ့်နောက်ကို ဆင်းရဲတွေ လိုက်မယ်။
၎။ အရိပ်က ကိုယ့်နောက် အစဉ်လိုက်သလို 
    ကောင်းသောစိတ်ဖြင့် ပြောဆို ပြုလုပ်လျှင် ကိုယ့်နောက်ကို ချမ်းသာတွေ လိုက်မယ်။
၅။ ရဟန်းသံဃာနဲ့ တွေ့တဲ့အခါ လူလို မဆက်ဆံပါနဲ့။
၆။ ထုတ်၊ ယောက်၊ ဒိုင်း၊ မြား စသည်တို့ဖြင့် စုပေါင်းတပ်ဆင်ထားတာကို အိမ်-လို့ ခေါ်သလို
    ဆံပင်၊ မွေးညှင်း စတဲ့ ၃၂-ကောဋ္ဌာသ တို့ဖြင့် စုပေါင်းထားတာကို ခန္ဒာကိုယ်-လို့ ခေါ်တယ်။
၇။ ဝင်ရိုး၊ ဘီး စသည် စုပေါင်းထားတာကို ရထား-လို့ ခေါ်သလို
    ခန္ဒာ ၅-ပါး စုပေါင်းထားတာကို သတ္တဝါ-လို့ ခေါ်တယ်။
၈။ သီလပြည့်စုံရင် သမာဓိ ပညာတွေ အလွယ်တကူ ပြည့်စုံနိုင်တယ်။
၉။ သီလဆိုတဲ့ တံခါး ပိတ်ထားရင် ကာယဒွါရ ဝစီဒွါရမှ အကုသိုလ်တွေ ဝင်မလာနိုင်ဘူး။
၁၀။ အဆိပ်ကို စားမိလျှင် တဘဝပဲ ဒုက္ခဖြစ်မယ်။
      သံဃာပိုင်ပစ္စည်း စားမိလျှင် ဘဝအဆက်ဆက် ဒုက္ခဖြစ်မယ်။
၁၁။ အပြောကောင်းပေမဲ့ စိတ်ဓာတ်က ယုတ်ညံ့လျှင် ရေသဖန်းသီးမှည့်လို လူမျိုးပဲ ဖြစ်မယ်။
၁၂။ သီလကို မှီခိုပြီးနေရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ချက်ချင်းမရတောင် 
      ထောင်ကျခြင်း၊ အဖမ်းခံရခြင်း အပါယ်လေးပါး ကျရောက်ခြင်းမှ ကင်းလွတ်ပါတယ်။
၁၃။ ချမ်းသာချင်လျှင် လှူကြ၊ ဆင်းရဲချင်လျှင် ယူကြ။
၁၄။ ကုသိုလ်ရချင်လို့ ကျောင်းလာတာ၊ အကုသိုလ် ယူမသွားပါနဲ့။
၁၅။ အငှါးကျောင်းသော နွားကျောင်းသားသည် နွားကို ကျောင်းရသော်လည်း နွားနို့အရသာကို  
      မခံစားရသကဲ့သို့
      တရားမကျင့်သူသည် ပိဋကတ်သုံးပုံကို သင်ကြားပို့ချ ဟောပြောပြသ နေသော်လည်း   
      မဂ်ဖိုလ်အရသာကို မခံစားရဘူး။ 
၁၆။ ဒါန သီလ ဘာဝနာ တရားတွေကို ဘယ်ပုံဘယ်နည်း ပြုလုပ် ဆောက်တည် ပွားများရမယ်ဆိုတာ   
      နားလည်အောင် ဗုဒစာပေ ဗဟုသုတ လေ့လာမှ ဖြစ်မယ်။
၁၇။ ဗုဒ္ဒစာပေ ဗဟုသုတ မရှိတဲ့ ပုဂိုလ်ဟာ ကုသိုလ် အကုသိုလ်တော်ငမှ ခွဲခြားပြီး မသိနိုင်ဘူး။
၁၈။ နှမ်းစေ့လောက် သူများအပြစ် မကြည့်နဲ့၊
      အုန်းသီးလောက် ကိုယ့်အပြစ် မြင်အောင် ကြည့်။
၁၉။ သီလယူရုံနဲ့ နိဗာန်မရဘူး။
      သမာဓိ ပညာပါ ယူသွား။
၂၀။ သီလမရှိရင် လက်မှတ်မပါဘဲ ရထားခိုးစီးတဲ့ လူလိုပဲ နြေ္ဒရရ မနေနိုင်ဘူး။
၂၁။ သီလ သမာဓိ ပညာ ဖြစ်ဖို့ဆိုတာ ခန္တီဆိုတဲ့ သည်းခံခြင်း အကြောင်းရင်း ပဓာန ရှိပါတယ်။ 
      သည်းမခံနိုင်ရင် သီလတောင် စောင့်ဖို့ မဖြစ်နိုင်ဘူး။
၂၂။ သတိပဋ္ဌာန်တရား လေးပါး မပွားများလျှင် သူတော်ကောင်းတရား ကြာရှည်မတည်ဘူး။
      သတိပဋ္ဌာန်တရား လေးပါး ပွားများလျှင် သူတော်ကောင်းတရား ကြာရှည်စွာ တည်မယ်။
၂၃။ မိတ်ကောင်း ဆွေကောင်း ဆရာသမားကောင်းကို ပေါင်းရလို့ရှိရင် 
      မဖြစ်သေးတဲ့ ကုသိုလ်တရားတွေလည်း ဖြစ်ပါတယ်။
      ဖြစ်ပြီးသား အကုသိုလ်တရားတွေလည်း ဆုတ်ယုတ်သွားပါတယ်။ 
၂၄။ အပြစ်ကို ဖော်ပြပြီး အကျိုးလိုလားတဲ့စိတ်နဲ့ ပြောဆိုဆုံးမတဲ့ ပုဂိုလ်ဟာ ကြီးကြီးငယ်ငယ်   
      ကိုယ့်ဆရာပဲ။
၂၅။ ဟင်းတစ်စက် လက်နှီးစုပ်ပေါ်ကျရင် မထူးခြားပေမယ့် လက်ကိုင်ပုဝါပေါ်ကရင်တော့ 
      ထင်ထင်ရှားရှားကြီး ဖြစ်နေတယ်။ 
      မိမိကိုယ်ကို လက်ကိုင်ပုဝါလို သဘောထားပြီး သီလလုံခြုံအောင် ထိန်းပါ။







Friday, July 6, 2012

သစ္စာအနက် ၁၆-ချက်

ဒုက္ခသစ္စာ---
ပီဠနဋ္ဌ-ညှဉ်းဆဲအပ်သော အနက်သဘော၊
သင်္ခတဋ္ဌ-ပြုပြင်အပ်သော အနက်သဘော၊
သန္တာပဋ္ဌ-ပူလောင်စေတတ်သော အနက်သဘော၊
ဝိပရိဏာမဋ္ဌ-ဖောက်ပြန်ပြောင်းလဲ မတည်မြဲသော အနက်သဘော။

သမုဒယသစ္စာ--- 
အာယူဟနဋ္ဌ-ဆင်းရဲပွားအောင် အားထုတ်ခြင်း အနက်သဘော၊
နိဒါနဋ္ဌ-ဆင်းရဲဖြစ်ခြင်း၏ အကြောင်းရင်း အနက်သဘော၊
သံယောဂဋ္ဌ-သံသရာဆင်းရဲနှင့် ယှဉ်တွဲစေသော အနက်သဘော၊
ဗလိဗောဓဋ္ဌ-နှောင့်ယှက်ပိတ်ပင်တတ်သော အနက်သဘော။

နိရောဓသစ္စာ---
နိဿရဏဋ္ဌ-ဆင်းရဲဒုက္ခမှ လွတ်ကင်းသော အနက်သဘော၊
ဝိဝေကဋ္ဌ-သင်္ခါရဒုက္ခ လုံးဝကင်းရှင်း ဆိတ်ငြိမ်ခြင်းအနက်သဘော၊
အသင်္ခတဋ္ဌ-အကြောင်းတစ်စုံတခုက မပြုရသော အနက်သဘော၊
အမတဋ္ဌ-မတည်မပျက်ဘဲ အမြဲတည်နေသော အနက်သဘော။


မဂ္ဂသစ္စာ---
နိယျာနဋ္ဌ-ဝဋ်ဆင်းရဲမှ ထွက်သွားတတ်, ထုတ်ဆောင်တတ်သော အနက်သဘော၊
ဟေတုဋ္ဌ-အကြောင်းရင်းဖြစ်သော အနက်သဘော၊
ဒဿနဋ္ဌ-နိဗ္ဗာန်အလင်းကို ဖောက်ထွင်းမြင်ကာ လေးသစ္စာကို ပိုင်နိုင်စွာ သိမြင်ခြင်း အနက်သဘော၊
အာဓိပတေယျဋ္ဌ-အကြီးအမှူးဖြစ်ခြင်း အနက်သဘော။

Wednesday, July 4, 2012

စေတနာကောင်းမှ လာဘ်ရ၏

ရှေးအခါက ဘုရားလောင်းသည် ပေါက်ပင်ကြီးတစ်ပင်တွင် ရုက္ခစိုးနတ် ဖြစ်နေ၏။
ဆင်းရဲသား ပုဏ္ဏား တစ်ဦးသည် ပေါက်ပင်ကြီး၏ ခြေရင်း အမှိုက်သရိုက်များကို ခုတ်ထွင်ရှင်းလင်း၏၊
ပန်း၊ ဆီမီး၊ အမွှေးတိုင်များဖြင့်လည်း ပူဇော်၏၊ ထို့နောက်...
“ချမ်းသာစွာ အိပ်ရပါ၏လော...ဟု ဆိုလျှက် ပြန်သွား၏”

တစ်နေ့ ပုဏ္ဏားအိုတစ်ဦး ရောက်လာ၏၊
အို ပုဏ္ဏားငယ် စိတ်မရှိ ကြားမှုမရှိသည့် ပေါက်ပင်ကို အဘယ်ကြောင့် ပူဇော်ရသနည်း...ချမ်းသာစွာ အိပ်ရပါ၏လော-ဟု မေးရသနည်း၊

အဘပုဏ္ဏား
အကျွန်ုပ်သည် ချမ်းသာလို၍ ပူဇော်ခြင်း ဖြစ်ပါသည်၊ ဤအပင်၌ နတ်များရှိ၏၊

ထိုအခါ ပုဏ္ဏားအိုသည်
ဖန်ဆင်းထားသော ပုဏ္ဏားအိုအသွင်မှ နတ်အသွင် ပြလိုက်သည်၊
ပုဏ္ဏားငယ် ငါသည် ဤအပင်စောင့် နတ်ဖြစ်၏၊ မကြောက်လင့်...သင့်အား ဥစ္စာတို့ကို ငါပေးအံ့။
ထိုသို့ပြောဆိုကာ ပျောက်ကွယ်သွား၏။

မကြာမီ ပုဏ္ဏားငယ်သည် အိမ်အောက်မှ ရွှေအိုးများကို တူးဖော်ရရှိ၏၊
ထို့ကြောင့် မိမိလည်း သုံးစွဲ၊ အလှူအတန်းလည်းလုပ်၊ သီလလည်း ဆောက်တည်ကာ ထာဝရချမ်းသာသွား ခဲ့ပေသည်။ စေတနာကောင်း၍ ပုဏ္ဏားငယ်မှာ လာဘ်ဥစ္စာများ ရရှိခြင်း ဖြစ်ပါသည်။
(စတုတ္ထနိပါတ် ပလာသဇာတ်)

ပညာရှိဆိုသူတို့ ကျင့်ဖွယ်ရာ

အနာဂတံ ဘယံ ဒိသွာ၊ ဒူရတော ပရိဝဇ္ဇယေ။
အာဂတဉ္စ ဘယံ ဒိသွာ၊ အဘီတော ဟောတိ ပဏ္ဍိတော။
အထက်ဖော်ပြပါ ဂါထာကို လောကနီတိ၌၄င်း၊ ပိတောပဒေသ၌၄င်း တွေ့ရပေသည်။ ယင်းဂါထာ၏ အဓိပ္ပါယ်မှာ---

Monday, July 2, 2012

လစဉ် ဟောစာတမ်း (ဂျူလိုင်လ ၂၀၁၂)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဂျူလိုင်လ ၂၀၁၂ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-450-0272 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။