Sunday, December 30, 2012

နှစ်ဆန်းတစ်ရက်နေ့

နှစ်ဟောင်းလွန်၍  နှစ်သစ်ဆန်းစ ပထမနေ့ကို နှစ်ဆန်းတစ်ရက်နေ့ဟု ခေါ်ကြသည်။အချို့ကလည်း နှစ်ဟောင်းမှ
 နှစ်သစ်သို့ ကူးပြောင်းသည့်နေ့ဖြစ်သဖြင့် နှစ်သစ်ကူးနေ့ဟု ခေါ်ကြသည်။ ယင်းနေ့ကို မင်္ဂလာရှိသော နေ့ထူး နေ့မြတ် အဖြစ် နိုင်ငံတိုင်း၌ ကိုယ့်ဓလေ့နှင့်ကိုယ် ကျင်းပကြကာ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်၍ပင် ထားကြသည်။

ကမ္ဘာပေါ်တွင် လူမျိုးအလိုက် ဘာသာအလိုက် ကိုယ်စရိုက် ကိုယ့်ဘာသာနှင့် နှစ်များကို ရေတွက်သည့် အစဉ်အလာသည် လူ့ယဉ်ကျေးမှု ထွန်းကားသည့် အချိန်မှစ၍ ရှိလာခဲ့သည်။ နှစ်ဟူသည့် အပိုင်းအခြားကို သတ်မှတ်သည့်အစဉ်အလာ  ရှိချိန်မှစ၍ နှစ်ဆန်းတစ်ရက်နေ့ဟူသော ဝေါဟာရ ပေါ်လာသည်ဟု ယေဘုယျအားဖြင့် ယူဆရန်ရှိသော်လည်း မည်သည့် ခုနှစ် သက္ကရာဇ်မှစ၍ နှစ်ဆန်းတစ်ရက်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ကျင်းပ ခဲ့သည်ကိုမူ တတ်အပ် မဆိုနိုင်ချေ။

အဟောင်းမှ အသစ်သို့ပြောင်းခြင်းကား နှစ်လိုဖွယ်ရာဖြစ်သည်။ ထို့ကြောင့် နှစ်သစ်ကူးပြောင်းခြင်းကို မင်္ဂလာ-ဟု အများက လက်ခံကြသည်။ ယင်းသို့ မင်္ဂလာရှိသောနေ့ကို သတ်မှတ်ပုံ၊ ကြိုဆိုပုံ၊ ကျင်းပပုံချင်းကား လူတမျိုးနှင့်တမျိုး မတူကြချေ။
အချို့ကား ဧပြီလထဲတွင် နှစ်ဆန်း၍၊ အချို့ကား ဇန်နဝါရီလတွင် နှစ်ဆန်းသည်။
ကြိုဆိုကျင်းပနည်းလည်း ရိုးရာဓလေ့ ထုံးစံအလိုက် ကွဲပြားကြသည်။
အချို့သူတို့၏ နှစ်ဆန်းပွဲတွင် ရေကစား၍ အချို့က မီးထွန်းကြသည်။ အချို့က ကခုန်ကြ၍ အချို့က ဘုရားရှိခိုး ဆုတောင်းပွဲ ပြု့သည်။ အချို့ကမူ မီးအိုး မီးပန်းများ ပစ်ဖောက်ကြသည်။ မည်သို့ပင်ဖြစ်စေ နှစ်ဆန်းသည့်အချိန်တွင်
နှစ်ဟောင်းမှ အညစ်အကြေးတို့ကို ဆေးကြော ပယ်ဖျက်လိုခြင်း၊ တစ်နှစ်ကုန်၍ အသက် ဝါ-စသည် ကြီးရင့်လာစသည်ကို အသိအမှတ် ပြုထားသည့် လက္ခဏာဖြင့် သက်ကြီးဝါကြီး မိဖ ဘိုးဘွားတို့အား ပူဇော်ဂါရဝပြုခြင်း၊ ဘာသာဓလေ့များအရ စိတ်ကောင်း မွေး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့၌ကား တသဘောတည်း နှင်နှင် ဖြစ်ကြသည်။

လွန်ခဲ့သည်နှစ်ထောင်ပေါင်းများစွာကအီဂျစ်လူမျိုးတို့၏နှစ်ဆန်းတစ်ရက်နေ့သည် နိုင်းမြစ်ရေလျှံသည့် ဇွန်လလယ်မှ နေ့တနေ့ဖြစ်သည်။
ရှေးရောမလူမျိုးတို့ကမူ မတ်လ၁-ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့ဟု သတ်မှတ်ခဲ့ကြသော်လည်း ဂျူးလယပ် ဆီဇာက
တံခါးပေါက်များနှင့် အစနှင့်အဆုံးကို အစိုးရသော ဂျေးနပ် နတ်မင်းအား ဂုဏ်ပြုသောအားဖြင့် ယင်းကို အစွဲပြု မှည့်ထားသော ဇန်နဝါရီလ ၁-ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်လိုက်လေသည်။
အင်္ဂလန်ပြည်တွင်မူ ရောမတို့ ဝင်ရောက် မသိမ်းပိုက်မီက ဒီဇင်ဘာ ၂၅-ရက်နေ့ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
ရောမတို့ အင်္ဂလန်ပြည်ကို ဝင်ရောက် သိမ်းပိုက်ပြီးနောက်မှ ရောမတို့ နည်းတူ ဇန်နဝါရီလ ၁-ရက်နေ့ကို နှစ်ဆန်း တစ်ရက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်လိုက်လေသည်။
အလယ်ခေတ်လောက်က ခရစ်ယစ်အယူဝါဒီတို့၏ နှစ်ဆန်းတစ်ရက်နေ့သည် မတ်လ ၂၅-ရက်နေ့ ဖြစ်သည်။ ၁၅၈၂-ခုနှစ်တွင် ဂရက်ဂရီယန် ပြက္ခဒိန်ကို ရောမကက်သလစ်ဂိုဏ်းဝင်တို့ လက်ခံအသုံးပြုလိုက်သည့် အချိန်မှစ၍ ဇန်နဝါရီ ၁-ရက်နေ့ကို နှစဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်လိုက်ကြသည်။
ယခုအခါ၌မူ ဇန်နဝါရီလ ၁-ရက်နေ့သည် ကမ္ဘာ့နှစ်ဆန်း တစ်ရက်နေ့သဘွယ်ဖြစ်နေလေပြီ။

ထိုင်းနိုင်ငံ၌မူ နှစ်ဆန်းတစ်ရက်နေ့ကို အမျိုးမျိုး တွက်ကြသည်။ ယင်းသို့ ကွဲပြားချက်များအနက် ယိုးဒယားနှစ်၏ လေးလနှင့် ငါးလတို့၏ အကူးတွင် ကျင်းပသောပွဲကား လူထု၏ နှစ်သစ်ကူးပွဲပင် ဖြစ်သည်။ ယင်းလအတွင်းရှိ လကွယ်နေ့၊ လဆန်း ၁-ရက်နေ့၊ လဆန်း ၂-ရက်နေ့တို့တွင် မည်သည့်နေ့ရက်၌ နှစ်သစ်ကူးရန် အခါတော် ကျရောက်သည်ကို ပုဏ္ဏားဟူးရားတို့က တွက်၍ နှစ်ဆန်းတစ်ရက်နေ့ကို သတ်မှတ်ပေးသည်။ ယင်းသို့ တွက်ချက်သတ်မှတ်ပေးသည့် အစဉ်အလာသည် အိန္ဒိယနိုင်ငံမှ ရရှိခဲ့ဟန် တူသည်။ အိန္ဒိယနိုင်ငံ၌မူ သက်ဝင်ယုံကြည်သော အယူဝါဒအလိုက်နှင့် နေထိုင်သော ဒေသအလိုက် နှစ်ဆန်းချိန် ကွဲပြားသည်။
ဗင်္ဂလားနှင့် အာသံပြည်နယ်တို့တွင် ဧပြီလ၌ နှစ်သစ်ဆန်းသည်။
ပါရစီ လူမျိုးတို့၏ နှစ်သစ်ကူးချိန်သည် စက်တင်ဘာလ ၅-ရက်နေ့ဖြစ်၍ ဟိန္ဒူအယူဝါဒီ အချို့၏ နှစ်ကူးချိန်သည် နိုဝင်ဘာလတွင် ကျရောက်၍ ဒေဝါလီ မီးထွန်းပွဲဟု ခေါ်ကြသည်။

အချို့ ဟိန္ဒူတို့မူကား ဟိန္ဒူပြက္ခဒိန်၏ ဆယ့်တစ်လမြောက် ဖြစ်သော ဖာဂွန်းလတွင် ကျင်းပလေ့ရှိသည်။
ယင်းကို ဟူလီ ပွဲတော်ဟု ခေါ်သည်။
တရုတ်တို့၏ နှစ်သစ်ကူး ပွဲတော်သည် ဖေဖော်ဝါရီလအတွင်း၌ ဖြစ်၍ မြန်မာတို့၏ နှစ်ဆန်းတစ်ရက်နေ့သည် ဧပြီလ ၁၆-ရက်၊ သို့မဟုတ်-၁၇-ရက်နေ့ခန့်တွင် ကျရောက်တတ်သည်။ ပြက္ခဒိန်တော်ဆက် အဖွဲ့က မည်သည့်နေ့ မည်သည့်အချိန်တွင် နှစ်သစ်ဆန်းမည်ကို တွက်ချက် သတ်မှတ်ရသည်။ အိန္ဒိယနိုင်ငံမှ အစဉ်အလာကဲ့သို့ပင် ဖြစ်သည်။

နှစ်ဆန်းချိန် လူတစ်မျိုးနှင့် တစ်မျိုး မတူကြသကဲ့သို့ပင် နှစ်ဆန်းပွဲတော် ကျင်းပပုံချင်းလည်း မတူကြချေ။ မြန်မာလူမျိုးတို့၏ နှစ်ကူးပွဲတော်ကို သင်္ကြန်-ဟု ခေါ်သည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည် ဟူသော အနက်အဓိပ္ပါယ ရသည်။ နှစ်သစ်ကို ကြိုဆိုသည့် သဘောဖြင့် မြန်မာလူမျိုးတို့သည် ရေပက်ကစားကြသည်။
လာမည့် နှစ်သစ်တွင် အညစ်အကြေး ဘေးဘယာများ ကင်းစင်၍ ကြည်လင်အေးမြစေရန် ရည်သန်သည့်သဘော
 ဖြစ်သည်။ လူကြီး မိဘ ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ အိမ်တွင်း အိမ်ပြင်ရှိ အညစ်အကြေး အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ဦးခေါင်းဆေးလျှော်ခြင်း၊ စေတီ ပုထိုး ကျောင်းကန်များသို့ ထွက်၍ ဥပုသ်သီတင်း
 ဆောက်တည်ကာ ဒါနပြုခြင်း၊ ဘုရား ပုထိုး ရုပ်ပွားတော်များကို ရေသပ္ပါယ်ခြင်းများ ပြုလုပ်ကြသည်။

နှစ်ဆန်းတစ်ရက်နေ့တွင် ရရှိသော ငွေကြေးကို အမှတ်တရ သိမ်းခြင်း၊ ငွေကုန်ကြေးကျ မများအောင် ထိမ်းသိမ်းခြင်းများ ပြုသည့် ဓလေ့ မြန်မာတို့၌ ရှိသည်။
 ( အကျယ်ကို မြန်မာ့စွယ်စုံကျမ်း အတွဲ-၆ တွင် ကြည့်ပါလေ)

Tuesday, December 25, 2012

ကံကြီးထိုက်သူ

                                                                                                                                                  ကိုအောင်သိန်း။                                                                                                                                          အသက်က သုံးဆယ်ဝန်းကျင်၊ ကလေး တစ်ယောက် အဖေ၊ အသားညိုညို၊ အရပ် မနိမ့်မမြင့်၊ ဗလကောင်းကောင်း၊ ရုပ်ကကြမ်းကြမ်းဖြစ်၏။ 
                                                                                                                                               သူ့ ကို မြင်သည်နှင့် အများက ရှောင်ကြသည်။ သူသည် အရက်မူးလာလျှင် အဝေးက ရှောင်ပေတော့။ တွေ့ သူတိုင်း ကြမ်းတမ်းစွာ အကျိန်အဆဲ ခံရတတ်သည်။ မခံချင်၍ ပြန်ပြောလျှင် တုတ်တစ်ပြက် ဓားတစ်ပြက် ဖြစ်ရသည်။ ကိုအောင်သိန်းသည် တောင်သူ ဆိုသော်လည်း လက်ကြော တင်းသူ မဟုတ်ပေ။ အလုပ်ကို မစူးစိုက်။ အရက်ကို မိုးမလင်းခင် သောက်၍ ပေတေနေသဖြင့် မိဘက အိမ်ပေါ်မှ နှင်ချလိုက်သည်။ သို့ သော် သူက ဂရုမစိုက်။ မိန်းမနှင့် ကလေးကို ခေါ်ပြီး ရွာအနောက်ဘက် ဆူးဖြူကုန်းချောင်းဘေးတွင် တဲထိုး၍ သွား နေသည်။                                                                                                                                                                  သူသည် နေ့ စဉ် ရွာထဲသို့ လာပြီး အရက်သောက်သည်။မူးလာလျှင် ရွာရိုးကိုးပေါက် လျှောက်၍ ဆဲဆို ကြိမ်းမောင်း သည်။ ဆဲဆိုပြီးမှ တဲသို့ ပြန်သည်။ ထို့ ကြောင့် တစ်ရွာလုံးက သူ့ ကို အော့နှလုံး နာပြီး ကြောက်နေကြသည်။     
 ဖခင်ဖြစ်သူ ဦးညိုမောင်က အရက်မသောက်ရန် ဆုံးမသည့် အခါ “ခင်ဗျားကြီး အသာနေစမ်းပါဗျာ၊ကျုပ်ကို လာပြီး ဆုံးမ မနေနဲ့ ”ဟု အဖေဖြစ်သူကို ပြန်ပြောသည်။                                                                        အစ်ကိုကြီး ဖြစ်သူ ကိုအောင်ငြိမ်းက ဆုံးမရင်လည်း                                                                                 “ကိုယ့်ဟာကိုယ် သောက်တာ မင်းအပူလား၊ မင်းနဲ့ ဘာဆိုင်လို့ လဲ၊ ငါ့ လာပြီး ဆရာမလုပ်နဲ့ ”ဟု ပြောပြန်သည်။                                                                          သားနှစ်ယောက် စကားများသော အသံကို ကြား၍ ရောက်လာသော ဖခင်ဖြစ်သူက 
 “သား ဒီလို မပြောရဘူးကွဲ့ ၊ မင်းအစ်ကိုက ကောင်းစေချင်လို့ ဆုံးမတာကို နားထောင်ရ မှာပေါ့ သားရယ်၊ အဖေ တောင်းပန်ပါတယ်ကွာ။                                                                                                                                                         ဤသို့ ပြောပြီး မျက်ရည်စမ်းစမ်းနှင့် တုန်တုန်ယင်ယင် တောင်းပန်နေသော ဖခင်ဖြစ်သူအား- “ခင်ဗျားကြီး အပိုတွေ လာပြောမနေနဲ့ ။ကျုပ်တို့ မိသားစုကို အိမ်ပေါ်က နှင်ချတာ လုံးဝ မကျေနပ်ဘူး၊အကုန်လုံး သတ် ပစ် မှ အေးမှာ။”                                                                                                                                                            ဤသို့  ကြိမ်းဝါးပြီး ကိုအောင်သိန်း တစ်ယောက် မကျေမချမ်းနှင့် တဲဆီသို့ပြန်သွားတော့သည်။ နံနက် ကတည်းက မိုးတဖွဲဖွဲ ရွာနေသည်။ညနေ သုံးနာရီ အချိန်တွင် လေပြင်း တိုက်ခတ်လာခဲ့သည်။လေပြင်းနှင့် အတူ မိုးက ပို၍ပို၍ သည်းလာသည်။                                                                                                                                   ဇနီး ဖြစ်သူ မအေးရီက မီးမွှေး၍ ထမင်းအိုး တည်သည်။ကိုအောင်သိန်းက ကလေးကို ပွေ့ ချီပြီး တဲအပြင်တွင် ထိုင် လျက် ဆူးဖြူကုန်းချောင်း ရေတိုးနေသည်ကို ငေးကြည့်နေသည်။ 
ဝင်းခနဲ လျှပ်စီးလက်သွားသည်နှင့် မအေးရီကို တစ်စုံတစ်ဦးက ဆောင့်တွန်းလိုက်သလို လွင့်စဉ် သွားခဲ့သည်။ချက်ချင်း ဆိုသလို ခြိမ်းခနဲ မိုးကြိုးပစ်သံကြီး ကျယ်လောင် တုန်ဟည်းစွာ ကြားလိုက်ရသည်။ အင့်ခနဲ သားကလေး ငိုသံကြားသဖြင့် တဲအပြင်သို့ မအေးရီ ထွက်လိုက်သောအခါ တစ်ကိုယ်လုံး မည်းလျက် ရုပ်ပျက် ဆင်းပျက် ပက်လက်လန် လဲကျ သေဆုံးနေသော ကိုအောင်သိန်းကို တွေ့ လိုက်ရသည်။သို့ သော် ကလေးကတော့ ဘာမှ မဖြစ် ပေ။                                                                                                      မိုးကြိုးပစ်၍ သေဆုံးသူ ကိုအောင်သိန်း၏ အလောင်းကို နေ့ ချင်းပင် ရွာအနောက်ဘက်ရှိ သင်္ချိုင်းသို့ ပို့ ဆောင်ခဲ့ကြ သည်။ အလောင်း မြေမြှုပ်သင်္ဂြိုဟ် ပြီးသည်နှင့် အလောင်းမြှူပ်နှံရာသို့ တစ်ဖန် မိုးကြိုးတစ်ချက် ပစ်ပြန်သည်။                                                                                                       ထိုနေ့ က မပြစ်မှား ထိုက်သော မိဘအား ပြစ်မှား၍ မိုးကြိုး နှစ်ကြိမ် အပစ်ခံရသည်ကို မျက်မြင် ကြုံတွေ့ ကြသူ အားလုံး သတိသံဝေဂ ရရှိသွားခဲ့ကြလေသည်။ 
                                                                                                                   ခင်မောင်တင်(ဝဲလောင်)                                                                                                                                မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ                                                  

မသေချာသော မနက်ဖြန်

                                                                                                                                         သာမန်အားဖြင့် တွေးကြည့်မည် ဆိုလျှင် မနက်ဖြန်ဆိုသော ခရီးကား မဝေးဟု ထင်ရသည်။
 သေသေချာချာ တွေးဆ ကြည့်ပါက တစ်နေ့ တာ ၂၄-နာရီ ကုန်ဆုံးမှသာ နောက်တစ်နေ့ မနက်ဖြန် ဆိုသော နေ့ သို့ ရောက်ရှိမည်။ မိနစ်ဖြင့် ရေတွက် လျှင် မိနစ်ပေါင်း ၁၄၄၀၊ စက္ကန့် ဖြင့် ဆိုလျှင် စက္ကန့် ပေါင်း ၈၆၄၀၀- ကြာပေမည်။ တမလွန် ခရီးဆိုသည်ကား ကွေးသောလက်ကို မဆန့် ခင် ဆန့် သောလက်ကို 
မကွေးခင် မျက်စိ တစ်မှိတ် လျှပ်တစ်ပြက် အတွင်း စက္ကန့် ပိုင်းတွင်ပင် ချက်ချင်း ရောက်ရှိနိုင်သော ခရီးဖြစ်သည်။ ထို့ ကြောင့် မနက်ဖြန် ခရီး အဝေးကြီး၊ တမလွန် ခရီး အ လွန် နီးပေသည်။ သို့ ဖြစ်၍ မည်သည့် အလုပ်ကိုပဲလုပ်လုပ် ယနေ့ ပြီးနိုင်သော ကိစ္စများကို မနက်ဖြန်သို့ မရွှေ့ ဘဲ ပြုလုပ်လျှင် အ ကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မနက်ဖြန် ဆိုသည်မှာ မသေချာ၍ ဖြစ်သည်။                                              မသေချာသော မနက်ဖြန် အတွက် စာရေးသူ၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် အချို့ ကို တင်ပြပါမည်။ မိမိမှာ ပဲခူးတိုင်း ဒေသကြီး၊ ပေါက်ခေါင်းမြို့ ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၈၃)သစ်စက်တွင် စက်ရုံမှူး တာဝန် ထမ်းဆောင်နေချိန် ဖြစ်သည်။ ထိုအချိန်က သစ်စက် အနီးရှိ ဖန်ခါးပင်ရွာ၊ ဘုန်းတော်ကြီး ကျောင်းတွင်
ကျောင်းထိုင်နေသော ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တသီလဝံသကို အမှူးထားလျက် သံဃာတော်များအား ကထိန်သင်္ကန်း ကပ်လှူရန် စီစဉ်ထားသည်။ ကထိန်သင်္ကန်း ကပ်မည့်နေ့ မှာ ၂၀၀၃-ခှုနှစ် ၊နိုဝင်ဘာလ ၁-ရက်နေ့ ဖြစ်သည်။ ကထိန်သင်္ကန်း မကပ်မီ တစ်ရက်အလို ညနေခင်းတွင် သစ်စက်ခြံဝန်း၌ အလှူအတွက် ကျွေးမွေး လှူဒါန်းရန် စာရေးသူနှင့်အတူ သစ်စက် ဝန်ထမ်း မိသားစုများက ချက်ရေးပြုတ်ရေး စီစဉ်နေကြသည်။ထိုသို့ ဆောင်ရွက်နေစဉ် ဝန်ထမ်း တစ်ဦးမှာ ခြေလှမ်းသုတ်သုတ်ဖြင့် မိမိထံ ရောက်လာသည်။    ထိုသူက“ဆရာခင်ဗျား၊ ဖန်ခါးပင် ဆရာတော်ကြီး အခုပဲ ပျံလွန်တော်မူသွားပြီ”ဟု သတင်းလာပို့ သည်။ ထို့ ကြောင့် စာရေးသူ ဘုန်းကြီးကျောင်းသို့ သုတ်ခြေတင်ကာ လိုက်ပါသွားသည်။ တွေ့ လိုက်ရသည့် မြင်ကွင်းကား တကယ်ပင် ပျံလွန်တော် မူသွားခြင်းပင်။ သေခြင်းတရား ဟူသည်ကား မြန်ဆန်လွန်းပါလားဟု သံဝေဂ ရမိသည်။ ဆရာတော်မှာ သက်တော် ၆၀-ပင် မပြည့် သေးပေ။                                                                                                                                                            ကထိန်သင်္ကန်း ကပ်မည့်နေ့ တွင် ပေါက်ခေါင်းမြို့ ၊ပညာဇောတာရုံကျောင်းတိုက်မှ မြို့ နယ်သံဃနာယက ဆရာ တော် ဘဒ္ဒန္တနန္ဒဝံသကို ပင့်ဖိတ်၍ ကျောင်းရှိ သံဃာတော်များ အပါအဝင် ပင့်သံဃာ ၅၃-ပါးတို့ အား ကထိန်သင်္ကန်း ကပ်လှူ ခဲ့ သည်။ ဖန်းခါးပင် ဆရာတော်မှာကား မနက်ဖြန် ဆိုသောနေ့ ထိ မစောင့်နိုင်ခဲ့ပေ။တမလွန် ခရီးသို့ အမြန် သွားခဲ့လေပြီ။ဤအချက်အ လက်ကား ပထမ အဖြစ်အပျက်ပါ။ 

                                                                                                                           ဒုတိယ အဖြစ်အပျက်မှာ ၁၉၈၉-ခုနှစ်က ဖြစ်သည်။ စာရေးသူသည် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင် နေချိန်ဖြစ်သည်။ တစ်ရက်သော နေ့ တစ်နေ့ တွင် စာရေးသူသည် မိမိ အထက် အရာရှိ တစ်ဦးနှင့်အတူ ရန်ကုန်ရုံးချုပ်သို့ ဌာနဆိုင်ရာ ရုံး ကိစ္စဖြင့် လာကြသည်။ ရန်ကုန်သို့ ရောက်ပြီး နောက်တစ်နေ့ 
နေ့ လယ် ၁၂-နာရီ အချိန်၌ မြန်မာ့ သစ်လုပ်ငန်း ရုံးချုပ်တွင် တွေ့ ဆုံရန် ချိန်းထားကြသည်။ စာရေးသူသည် ထိုနေ့ တွင် သတ်မှတ်ချက်၌ ရောက်ရှိပြီး သူ့ အလာကို စောင့်နေသည်။သို့ သော် လည်း နေ့ လယ် ၂-နာရီ အထိ အထက်အရာရှိသည် ရောက်မလာ။ထိုအခါ စာရေးသူက သူနေထိုင်သည့် အိမ်သို့ ဖုန်းလှမ်းဆက် လိုက်သည်။ ဖုန်းကိုင်သည့် အမျိုးသမီး တစ်ဦးက ငိုသံပါကြီးဖြင့် ထိုအရာရှိသည် ယမန်နေ့ ညကပင် ဆုံးသွားရှာပြီဟု
 ပြောသည်။       မိမိ နားနှင့် ဆတ်ဆတ်ကြား၍သာ ယုံလိုက်ရသည်။ထို့ ကြောင့် စာရေးသူသည် သူ့ အိမ်သို့ အပြေးအလွှား လိုက်သွား သည်။သေဆုံးသည်မှာ အမှန်ပါ။အလောင်းကတော့ ဆေးရုံကြီး အအေးခန်းမှာ ရှိနေသည်။သူ့ မှာ မိမိနှင့် ချိန်းထားသော နေ့  တွင် ရုံးချုပ်သို့ မလာရောက် နိုင်ခဲ့ပေ။မသေချာသော မနက်ဖြန်၏ ဒုတိယ အဖြစ်အပျက်ပင်။                                                      

   တတိယ အဖြစ်အပျက်ကား ၁၉၇၂-ခုနှစ်၊ဩဂုတ်လ ၁၆-ရက်နေ့ ။စာရေးသူသည် စစ်တွေမြို့ တွင် တာဝန်ထမ်းဆောင် နေချိန်က ဖြစ်သည်။အချိန်အားဖြင့် နှစ်ပေါင်း၄၀-ခန့် ကြာမြင့်ခဲ့ ပေပြီ။ အချိန်တွေ ဘယ်လောက်ပဲ ကြာညောင်းသော်လည်း စာ ရေးသူ မေ့မရနိုင်သော အဖြစ်အပျက်မှာ အိပ်မက်ပမာ ခံစားခဲ့ ရသည်။                                                                                                          စာရေးသူသည် ထိုအချိန်က အလုပ်လုပ်ရင်း ပြင်ပ ဝိဇ္ဇာစာမေးပွဲကို ရန်ကုန် တက္ကသိုလ်တွင် လာရောက် ဖြေဆိုရသည်။ ဩဂုတ်လ ၁၆-ရက်နေ့ တွင် မိမိနှင့်အတူ စာမေးပွဲ ဖြေဆိုကြမည့် သူများမှာ စစ်တွေမြို့ မှ ဗိုင့်ကောင့်လေယာဉ်(ယခုတော့ မရှိ တော့)ဖြင့် ရန်ကုန်မြို့ သို့ တိုက်ရိုက် သွားကြသည်။စာရေးသူတို့ ၏ မိတ်ဆွေ အပေါင်းအသင်းများထဲမှ ကျောင်းဆရာမ တစ်ဦးမှာ ကျောက်ဖြူမြို့  ဆရာအတတ်သင် သိပ္ပံတွင် သင်တန်းတက်နေသည်။သင်တန်းဆင်းသော်လည်း စစ်တွေမြို့ သို့ ပြန်မလာ။ ရန်ကုန် မြို့ သို့ ပြင်ပ ဝိဇ္ဇာ စာမေးပွဲ ဖြေဆိုရန် ကျောက်ဖြူမြို့ မှ သွားမည်ဖြစ်ပါသည်။                                                                                                                      ထို ဩဂုတ်လ ၁၆-ရက်နေ့ မှာပင် ကျောင်းဆရာမသည် ကျောက်ဖြူ-သံတွဲ-ရန်ကုန်လေယာဉ် ခရီးစဉ် ဖြစ်သော ဒါကိုတာလေယာဉ်(ယခုတော့ မရှိ)ဖြင့် လိုက်ပါသွားသည်။ထိုလေယာဉ်သည် ကျောက်ဖြူမြို့ မှ သံတွဲမြို့ သို့ အလျင်သွားသည်။သံတွဲ  မြို့ မှ ခရီးသည်များကို တင်ဆောင်ကာ ရန်ကုန်မြို့ သို့ ခရီးဆက်မည်
 ဖြစ်သည်။                                                                                                            ဩဂုတ်လ ၁၇-ရက်နေ့ တွင် ရခိုင်ပြည်နယ်မှ စာမေးပွဲ ဖြေရန်လာသူများသည် ရန်ကုန် တက္ကသိုလ်တွင် သတင်းပို့ ရန် တွေ့ ဆုံကြပြီးနောက် နေ့ လယ်စာ အတူတူ စားရန် စီစဉ် ထားကြသည်။ဩဂုတ်လ ၁၇-ရက်နေ့ တွင် စာမေးပွဲ ဖြေဆိုမည့် သူ များအားလုံး ရောက်ရှိလာကြသည်။သို့ သော် နေ့ လယ် ၁၁-နာရီထိ အဆိုပါ ကျောင်းဆရာမသည် ရောက်ရှိမလာ။လေယာဉ်ခရီး စဉ်လည်း ရှိသည်။ ထိုနေ့ တွင် လေယာဉ်မှာ ကျောက်ဖြူမှ နေ့ လယ် ၃-နာရီကျော်တွင် ထွက်ခွာ သွားပြီဆိုသည်ကိုလည်း ကြိုပြီး သတင်းရထားသည်။သူ့ အနေဖြင့် ရန်ကုန် တက္ကသိုလ်သို့ မလာနိုင်စရာ အကြောင်း မရှိပေ။ထို့ ကြောင့် စာရေးသူသည် သံတွဲလေဆိပ်သို့ ဖုန်းဆက်ကြည့်သည်။ 
                                                                                                                                 မယုံနိုင်သော စကား မိမိ နားမှာ ကြားရသည်ကား ဝမ်းနည်း ကြေကွဲစရာ၊အံ့ဩစရာနှင့်
သောက ဝေဒနာတွေပါ ဖြာဖြာ ဝေခဲ့ ရသည်။ မနေ့ က ညနေ ငါးနာရီကျော်၌ သံတွဲမြို့ မဇင် လေဆိပ်မှ လေယာဉ်တက်သွားပြီး မိနစ်ပိုင်း အတွင်းမှာပင် စက်ချွတ် ယွင်းကာ ပင်လယ်ပြင်ထဲသို့ ပျက်ကျသွားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။မိမိတို့ မှာ ယူကျုံးမရ၊လွမ်းတသသ ခံစားခဲ့ရသည်။ သေခြင်းထူးသော ကျောင်းဆရာမ တစ်ဦး၏ ဖြစ်ရပ်ကား ဝမ်းနည်း ကြေကွဲစရာ ကောင်းလှပါဘိ။    
 ဩဂုတ်လ ၁၇-ရက်နေ့ ၊မနက်ဖြန် တွေ့ ကြရအောင်ဟု ချိန်းဆိုခဲ့သော ရန်ကုန်တက္ကသိုလ်နယ်မြေသို့ 
ကံဆိုးသူ ကျောင်း ဆရာမလေး ခြေမချနိုင်ခဲ့ပေ။ဩဂုတ်လ ၁၆-ရက်နေ့ တွင် မိုးတွင်းကာလ မှောင်ရီပျိုးစ အချိန်တွင် ကမ်းမမြင်၊လမ်းမမြင် ပင် လယ်ပြင်၌ သူ့ ဘဝကို ရေစုန် မျောခဲ့ ရလေပြီ။                                  လူဖြစ်လာလျှင် တစ်နေ့ နေ့ တော့ သေရပေမည်။မည်သည့်နေ့ တွင် သေရမည်။မည်သည့် အချိန်တွင် သေရမည်။ မည် သည့် နေရာတွင်သေရမည်။မည်သည့် ရောဂါ ဝေဒနာနှင့် မည်ကဲ့သို့ သေရမည်။သေပြီးလျှင် မည်သည့် ဘုံဘဝသို့ ရောက်မည် ကို မည်သူမျှ ကြိုမသိကြပေ။                                                                                                                                   
 သေခြင်းတရားနှင့် ပတ်သက်၍ မြတ်စွာဘုရားက “သာဝတ္တိမြို့ မှ ဝိဋဋူဘမင်းနှင့် စစ်သည်များသည် ဤအစိရဝတီမြစ်၌ သေဆုံးကြကုန်၏။သူဌေးသမီး ပဋာစာရီ၏ သားကြီးသည် ဤအစိရဝတီမြစ်၌ မျောပါသွား၍ သားငယ်သည် စွန်တစ်ကောင် ချီ သွားသဖြင့် ပျောက်ဆုံး သွားလေသည်။ဗာရာဏသီမြို့ မှ သင်္ဘောဖြင့်
 ရောက်ရှိလာသော ဗာရာဏသီ သူဌေးကြီးသည် ခုနစ်ရက် ပြည့်လျှင် ဤအစိရဝတီမြစ်၌ သေဆုံးမည်ကို မသိရှာဘဲ နေသဖြင့် မြတ်စွာဘုရားရှင် ပြုံးတော်မူသည်။ထို့ နောက် မြတ်စွာဘုရား က ညီတော်အာနန္ဒာအား“
လူဆိုသည်မှာ ဤနေ့ သေမည်လား၊မနက်ဖြန် သေမည်လား ဆိုသည်ကို မသိနိုင် သေမင်းနှင့်လည်း
 သေမည့်ရက်ကို အချိန်းအချက် ပြုလုပ်မထားကြ၊ မသေခင် ကြိုတင်၍ ပြုလုပ်သင့်သည်မှာ ကုသိုလ်တရားသာ ဖြစ်၏”ဟု မိန့်  တော် မူခဲ့သည်။ထို့ ကြောင့် မသေချာသော မနက်ဖြန်သည် လက်ရှိ ပစ္စုပ္ပန် ကာလလောက် စိတ်မချရပေ။                                                                      
အချုပ်အားဖြင့် ဆိုရလျှင်ညကုသိုလ်ကောင်းမှုများကို ဆောင်ရွက်ကြရာတွင် နေ့ ရွှေ့ ၊ ညရွှေ့ ၊ မနက်ဖြန်ရွှေ့ ၊ ဟိုနေ့ ရွှေ့ ၊ သည်နေ့ ရွှေ့  ရွှေ့ မနေကြဘဲ ယနေ့ ယခု ချက်ချင်း လက်ငင်း ဆောင်ရွက်ကြပါမှ စိတ်ချရမည် ဖြစ်ပေသည်။ထို့ ကြောင့် အချိန်ရှိ ခိုက် လုံ့ လစိုက်ကာ ကုသိုလ် တရားတို့ ကို ပွားများ အားထုတ် ဆောင်ရွက် သွားကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။                   တွန်းအား                                                                                                                                                                       မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ                                                     

Thursday, December 20, 2012

သတိမေ့ ရောဂါ ကာကွယ်ရန် နည်းလမ်း ၆-သွယ်

                                                                                                သတိမေ့ ရောဂါ(သို့ မဟုတ်)စိတ်ယိုယွင်းမှု ရောဂါ(Alzheimer Disease)ဖြစ်ပေါ်မှု နည်းပါးစေရန် ကာကွယ်သော နည်း လမ်း ၆-သွယ်ကို တင်ပြလိုပါသည်။ 
                                                                                                                           ဤနည်းလမ်း ၆-သွယ်သည် လိုက်နာရန် အလွန် လွယ်ကူပါသည်။ မိမိ၏ လူနေမှု ဘဝကို အနည်းငယ် ပြောင်းပစ်ရုံမျှဖြင့်သတိမေ့ ရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါသည်။                                                                                                           သတိမေ့ ရောဂါ  မည်သို့ စတင် ဖြစ်ပွားလာသည်။ မည်သည့် အတွက်ကြောင့် ဖြစ်ပွားရသည် ဆိုသော အချက်မှာ ယနေ့တိုင် မရှင်းလင်းသေးပါ။ သို့ သော် လူတိုင်းသည် အသက်ကြီးလာသည်နှင့် အမျှ ဦးနှောက် မှတ်ဉာဏ် နည်းလာကာ သတိမေ့ ရောဂါ ဖြစ်ပွားလာတတ်၏။ သတိမေ့ ရောဂါသည် အသက် ၆၅-နှစ်ကျော်မှ စတင်တတ်ပြီး အသက် ၈၅-နှစ်ကျော်သောအခါ ရောဂါ ဖြစ်ပွား နိုင်မှုနှုန်းသည် ၅၀%ရှိလာပါသည်။ အသက်ကြီးလာသည်ကို မည်သို့ မျှ တားဆီး၍ မရနိုင်သော်လည်း သတိမေ့ ရောဂါ မဖြစ်ပွားနိုင်အောင်ကိုမူ ယခုကတည်းက အောက်တွင် ဖော်ပြထားသော လွယ်ကူသော နည်းလမ်း ၆-သွယ်ကို လိုက်နာ ဆောင် ရွက်သင့်လှပေသည်။ 
                                                                                                                                                  (၁)မိမိကိုယ်ကို စိန်ခေါ်ပါ။…
လူ့ ဘဝ တစ်လျှောက်လုံး တစ်သက်တာ လှုပ်ရှားနေမှု၊ လှုံ့ ဆော်နေမှုများသည် တိုးတက်လာသော ဆေးပညာ၏ အထောက်အထားများ အရ ဦးနှောက်ရှိ ဆဲလ်များကို ဖွံ့ ဖြိုးစေရန် ထိန်းသိမ်းပေးသော အရေးကြီးသော သော့ချက် တစ်ခုပင် ဖြစ်လေသည်။ မှတ်ဉာဏ် နည်းပါးလာပြီး သတိမေ့ရောဂါ ဖြစ်ခြင်းကို နှေးကွေးစေပြီး စိတ်ယိုယွင်းမှုရောဂါ မဖြစ်ပွားစေရန် ကာကွယ် ပေးနိုင်လေသည်။ ထို့ ကြောင့် သင်သည် ဝါသနာပါသော အလုပ် တစ်ခုကို လုပ်နေပါ။ လူမှုရေး လုပ်ငန်း၊ ဘာသာရေး လုပ်ငန်းများတွင်လည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်ပါ။                                                                                                   (၂)အက်(စ်)ပရင်ဆေးပြား နေ့ စဉ် စားသုံးပါ။…..
အချို့ ဆေးသိပ္ပံ သုတေသန ပညာရှင်များက အက်(စ်)ပရင် 81-mg ပါဝင်သော ဆေးပြား(Low-dose aspirin)သည် စတီးရွိုက်(Steroid)မဟုတ်သော နာကျင်ကိုက်ခဲ ပျောက်ဆေးများဖြင့် ပူးတွဲ အသုံးပြုပါက သတိမေ့ ရောဂါ ဖြစ်ပွားမှု လျော့နည်းလာနိုင်သည် ဟု ဆိုကြ၏။                                                                                                                                                               (၃)ချက်ပြုတ်ရာတွင် ဆေးဖက်ဝင်သော (၃)ဟင်းခတ် အမွှေးအကြိုင်များ သံုးပါ။…..
နနွင်း၊ချင်း၊ငရုတ်ကောင်း စသော ဟင်းခတ် အမွှေးအကြိုင်များသည် ထမင်းမြိန်စေရန် သဘာဝ ဟင်းခတ် ပစ္စည်းများ ဖြစ်ပါသည်။ ၎င်းတို့ သည် ရောင်ရမ်းနာများအတွက် သဘာဝကု ဆေးများလည်း ဖြစ်၏။ 



(၄)အိုမီဂါ ၃-ပါဝင်သော အစာ များများ စားပါ။….
အိုမီဂါ ၃-ဓာတ်ပါဝင်သော ပင်လယ်ငါးသလောက်(Selmon)၊ ငါးသေတ္တာငါး  (Sardines)စသော ငါးများနှင့် လတ်ဆတ်သော သစ်ချသီး (Walnut) နှင့် လျှော်ပင်အစေ့ (flax seed)များကို များများစားပါ။ 

 (၅)လတ်ဆတ်သော သဘာဝ သစ်သီးနှင့် ဟင်းသီးဟင်းရွက် များများ စားပါ။….
သင်၏ နံနက်စာ၊ နေ့ လယ်စာနှင့် ညစာတို့တွင် အထက်ပါ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ များများ စားပေးပါ။      

(၆)မပြည့်ဝသော စားသုံးဆီများ သုံးစွဲမှု လျှော့ချပါ။….
ဟင်းသီးဟင်းရွက်ဆီများ ဖြစ်သော နေကြာဆီ၊ ပြောင်းဖူးဆီနှင့် ဆူးပန်းဆီ (safflower)များ သုံးမည့်အစား သံလွင်ဆီ (Olive Oil)ကိုသုံးပါ။ 

  စောဝင်းသိမ်း                                                    
 မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ