ကိုလတ်သည် အသက် ၂၅-နှစ် အရွယ် လူငယ်တစ်ဦး
ဖြစ်သည်။ ဘွဲ့ တစ်ခု ရရှိထားပြီး အလုပ်ရှာသော်လည်း မည်သည့် အလုပ်မှ မရ ဖြစ်နေသည်။ အလုပ်
အင်တာဗျူးများ ဖြေတိုင်း မဖြေနိုင်သောကြောင့် အလုပ်ခန့် စာ၌ သူ၏ နာမည်သည်လည်း လုံးဝပါမလာပေ။
မကြာသော နေ့ တစ်နေ့ ။ ထိုနေ့ သည်လည်း အခြား
အလုပ်တစ်ခု၌ အလုပ်အင်တာဗျူး ဖြေဆိုရမည့် နေ့ ဖြစ်သည်။ ထို နေ့ တွင် ကိုလတ်သည် မနက်စောစောထ၍
ဘုရား ရှိခိုးသည်။ ထို့ နောက် နံနက် ၁၀-နာရီတွင် အိမ်မှ ထွက်လာခဲ့သည်။ လမ်း၌ နေ့ လယ်စာကို အင်တာဗျူး ဖြေဆိုရမည့်
နေရာနှင့် နီးသော မြန်မာ ထမင်းဆိုင် တစ်ဆိုင်တွင် ဝင်၍ စားသည်။ ကိုလတ် ထမင်းစားနေစဉ်
ထမင်းဆိုင်ထဲတွင် ခရီးသွား ဦးပဉ္စင်း နှစ်ပါး ဆွမ်းဘုဉ်းပေး နေသည်ကို မြင်လိုက်ရသည်။ ထိုအခါ ကိုလတ်သည် ဦးပဉ္စင်းတို့ အနားသွား၍-
“အရှင်ဘုရား၊ပြည့်စုံအောင်
ဘုန်းပေးတော် မူပါဘုရား။တပည့်တော်၊ဤဆွမ်းပွဲကို ဒကာခံပါရစေဘုရား”ဟု လျှောက်ထားလေသည်။
ဦးပဉ္စင်းက ကြည်ဖြူစွာ လက်ခံ၍- “ဒကာကြီး၊ဤသို့ လှူဒါန်းရတဲ့ ဆွမ်းအကျိုးကြောင့်
အစစ အရာရာ အဆင်ပြေ ချောမောပါစေ”ဟု ဆုပေးလေသည်။ ကို လတ်သည် သူလှူဒါန်း ခဲ့ရသော အလှူအတွက်
ကျေနပ် ကြည်နူး ခဲ့ရလေသည်။ နေ့ လယ် ၁၂-နာရီ၌ ကိုလတ် အင်တာဗျူး ဖြေသောအခါ
မေးခွန်းများကို တစ်ခုမကျန် လွယ်ကူစွာ ဖြေဆို နိုင်ခဲ့သည်။ ထို့ နောက် အလုပ်ခန့် စာ၌လည်း
ကိုလတ် နာမည် ထိပ်ဆုံးက ပါလာလေသည်။
ဤကဲ့သို့ လုပ်ရခြင်းသည် မိမိ လှူခဲ့သော ဆွမ်းအကျိုးကြောင့်ပင်
ဖြစ်သည်ဟု ကိုလတ် ယုံကြည် ယူဆနေပါသည်။ ညီလေးငယ်(လယ်တော်)
မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ
No comments:
Post a Comment