Thursday, January 3, 2013

လွတ်လပ်ရေးနေ့

တိုင်းတပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့
ရာက်သည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍ အထွတ်အမြတ် သတ်မှတ်ထားတတ် 
လေသည်။ ခရစ်နှစ် ၁၉၄၈-ခုနှစ် ဇန်နဝါရီလ ၄-ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ် ပြာသိုလဆုတ် ၉-ရက် တနင်္ဂနွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာ
ရောက်ရှိသောနေ့ ဖြစ်လေသည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံ သားများအဖို့ ထူးမြတ်သော နေ့တနေ့ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာ တိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်းထိုးထားကြသည်။

ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် ၉-ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ်အခြား အာဏာပိုင် ပြည်ထောင်စုသမ္မတ နိုင်ငံတော်ကြီးအဖြစ် ကောင်းစွာ ရောက်သတည်း။

မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ်ပေါင်း ၁ဝဝ-မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ်ပေါင်း ၆ဝ ကျော်မျှ နိုင်ငံခြားသားတို့၏ အချုပ်အချယ်ကို ခံခဲ့ကြရပြီးနောက် မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှုတို့ကြောင့် ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင်
 ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသား အားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ မမေ့မလျှော့ကြစေရန် သတိပေး နှိုးဆော်သည့် အနေဖြင့် နှစ်စဉ် ထိုနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပကြ၏။

ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့် လွတ်လပ်ရေးကျောက်တိုင်၌ စုဝေးကြ၍ ပြည်ထောင်စု တည်မြဲရေး တိုးတက်ရေးကို မမေ့မလျော့
ဆာင်ရွက်ရန် အဓိဋ္ဌာန်များ ပြုလေ့ရှိကြသည်။  ပျော်ပွဲရွှင်ပွဲနှင့် ပြပွဲပြိုင်ပွဲ အမျိုးမျိုးကိုလည်း တခမ်းတနား ဆင်ယင်ကျင်းပကြ၍ အစိုးရကလည်း နိုင်ငံ၏ တာဝန်ကို ထူးချွန်စွာ ထမ်းဆောင်သူတို့အား ဘွဲ့ထူး ဂုဏ်ထူးနှင့် ဆုလာဘ်များ ပေးအပ် ချီးမြှင့်လေသည်။ 

မေတ္တာဖြင့် 
အရှင်ဓမ္မသာမိ (မော်လူး)
(၁၉၇၂-ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂-မှ ကူးယူဖော်ပြသည်) 

No comments: