Thursday, January 3, 2013

နိုဗဲဆုများ

နိုဗဲဆု ဟူသည်မှာ ဆွီဒငလူမျိုး ဓာတုဗေဒပညာရှင် အဲလဖရက်ဗားနာ့နိုဗဲ-အား အစွဲပြု၍ ခေါ်သောဆု ဖြစ်သည်။ ထိုနိုဗဲဆုသည် အဓိကအားဖြင့် ၅-ဆုရှိသည်။ ယင်းတို့မှာ ရူပဗေဒဆိုင်ရာ အရေးကြီးသော ရှာဖွေတီထွင်မှုအတွက် ဆုတခု။
ဓာတုဗေဒဆိုင်ရာ အရေးကြီးသော ရှာဖွေတီထွင်မှုအတွက် ဆုတခု။
ဆေးပညာနှင့် ဇီဝကိစ္စဗေဒ (ဖဇီသြလိုဂျီ) ပညာဆိုင်ရာ အရေးကြီးသော ရှာဖွေတီထွင်မှုအတွက် ဆုတခု။
စာပေအတွက် ဆုတခု။
ငြိမ်းချမ်းရေးအတွက် ဆုတခု-ဟူ၍ ဖြစ်သည်။

ထိုဆု ငါးဆုတို့၏ ပျမ်းမျှတန်ဖိုးမှာ မြန်မာငွေ ၂ဝဝ,ဝဝဝ ခန့်မျှ ရှိလေသည်။
ထိုဆုကို အဖွဲ့များက ဆုံးဖြတ်၍ ပေးသည်။ 
ရူပဗေဒနှင့် ဓာတုဗေဒဆု တို့ကို စတော့ဟုမ်းမြို့တော်ဝင် သိပ္ပံပညာတံခွန် အသင်းက ခန့်ခွဲပေးသည်။
ဆေးပညာဆိုင်ရာ ဆုကိုစတော့ဟုမ်းမြို့ ကယ်ရိုလင် ပညာမြှင့်တင်ရေး အဖွဲ့က ခန့်ခွဲပေးသည်။
စာပေအတွက် ဆုကို စတော့ဟုမ်းမြို့ ဆွီဒင်တော်ဝင် စာပေပညာတံခွန် အသင်းကခန့်ခွဲပေးသည်။
ငြိမ်းချမ်းရေးဆုကိုမူ နော်ဝေးနိုင်ငံ ပါလီမန်က တင်မြှောက်သော ငါးဦးကော်မတီ အဖွဲ့က ခန့်ခွဲပေးသည်။

ဆုအတွက် ယှဉ်ပြိုင်ဝင်ရောက်သူတို့သည် ဆုအတွက် တိုက်ရိုက်လျှောက်ထားခြင်း မပြုရချေ။ ဆုအတွက် ထောက်ခံပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်တို့ကသာ ဆုဝင်ထိုက်သူ၏ အမည်ကို တင်သွင်းရသည်။ ဆုကို ဒီဇင်္ဘာလ ၁၀-ရက်နေ့ ကျရောက်သည့်အခါ ရွေးချယ်ကျေညာသည်။ဆုတခုကို ပုဂ္ဂိုလ်၂-ဦး၊ ၃-ဦး ခွဲယူရသည်လည်း ရှိ၏။ တခါတရံ ဆု ၅-ဆုအနက် အချို့ဆုကို မပေးဘဲထားသော နှစ်များလည်း ရှိ၏။ ၁၉၁၆-ခုနှစ်၌ မည်သည့် ဆုကိုမျှ မပေးခဲ့ချေ။

၁၉၅၅-ခုနှစ်အထိ နိုဗဲဆုရသော နိုင်ငံနှင့် ရသူများ၏ အရေအတွက်မှာ ရူပဗေဒတွင် ဂရိတ်ဗြိတိန်-မှ ၁၄-ဦး၊ ဂျာမနီ-မှ  ၁၃-ဦး၊ အမေရိကန်
ပည်ထောင်စု-မှ ၁၄-ဦး၊ ပြင်သစ်-မှ ၇-ဦး၊ နယ်သာလန်-မှ ၅-ဦး၊ သြစတြီးယား-မှ ၃-ဦး၊ ဆွီဒင်-မှ ၂-ဦး၊ ဣတလီ-မှ ၂-ဦး၊ အိန္ဒိယ-မှ ၁-ဦး၊ ဒိန်းမတ်-မှ ၁-ဦး၊ ဂျပန်-မှ ၁-ဦးနှင့် အိုင်ယာလန် သမတနိုင်ငံ-မှ ၁-ဦး ဖြစ်၏။

ဓာတုဗေဒတွင် ဂျာမနီ-မှ ဦးရေ ၂ဝ၊ အမေရိကန် ပြည်ထောင်စု-မှ ၁၁-ဦး၊ ဂရိတ်ဗြိတိန်-မှ ၉-ဦး၊ ပင်သစ်-မှ ၆-ဦး၊ ဆွီဒင်-မှ ၄-ဦး၊ ဆွစ်ဇာလန်-မှ ၃-ဦး၊ နယ်သာလန်-မှ ၂-ဦး၊ ဟန်ဂေရီ-မှ ၁-ဦး၊ သြစတြီးယား-မှ ၁-ဦးနှင့် ဖင်းလန်-မှ ၁-ဦး ဖြစ်သည်။

ဆေးပညာနှင့် ဇီဝကိစ္စဗေဒ (ဖီဇီသြလိုဂျီ) ပညာတွင် အမေရိကန်
 ပြည်ထောင်စု-မှ ၁၇-ဦး၊ ဂရိတ်ဗြိတိန်-မှ ဝ-ဦး၊ ဂျာမနီ-မှ ၈-ဦး၊ ဒိန်းမတ်-မှ ၄-ဦး၊ ဆွစ်ဇာလန်-မှ ၄-ဦး၊ပြင်သစ်-မှ ၃-ဦး၊ သြစတြီးယား-မှ ၃-ဦး၊ ဗဲလဂျီယမ်-မှ ၂-ဦး၊ ကနေဒါ-မှ ၂-ဦး၊ နယ်သာလန်-မှ ၂-ဦး၊ ဟန်ရေီ-မှ ၂-ဦး၊ ရုရှ-မှ ၂-ဦး၊ ဆွီဒင်-မှ ၂-ဦး၊ စပိန်-မှ ၁-ဦး၊ အာဂျင်တီးနား-မှ ၁-ဦး၊ ဣတလီ-မှ ၁-ဦး၊ ပေါ်တူဂယ်-မှ ၁-ဦးနှင့် တောင်အာဖရိက-မှ ၁-ဦး ဖြစ်၏။

စာပေတွင် ပြင်သစ်-မှ ၈-ဦး၊ ဂရိတ်ဗြိတိန်-မှ ၆-ဦး၊ ဂျာမနီ-မှ ၅-ဦး၊ အမေရိကန် ပြည်ထောင်စု-မှ ၅-ဦး၊ ဆွီဒင်-မှ ၄-ဦး၊ နော်ဝေး-မှ ၃-ဦး၊ ဣတလီ-မှ ၃-ဦး၊ ဒိန်းမတ်-မှ ၃-ဦး၊ ပိုလန်-မှ ၂-ဦး၊ စပိန်-မှ ၂-ဦး၊ ဆွစ်ဇာလန်-မှ ၂-ဦး၊ ဗဲလဂျီယမ်-မှ ၁-ဦး၊ အိန္ဒိယ-မှ ၁-ဦး၊ ရုရှ-မှ ၁-ဦး၊ ဖင်းလန်-မှ ၁-ဦး၊ ချီလီ-မှ ၁-ဦး၊ အယ်ယာ-မှ ၁-ဦးနှင့် အိုက်စလန်-မှ ၁-ဦး ဖြစ်၏။

ငိမ်းချမ်းရေးဆုအတွက်   အမေရိကန် ပြည်ထောင်စု-မှ ၁၂-ဦး၊ ပြင်သစ်-မှ ၈-ဦး၊ ဂရိတ်ဗြိတိန်-မှ ၆-ဦး၊ ဂျာမနီ-မှ ၃-ဦး၊ ဆွီဒင်-မှ ၃-ဦး၊ ဆွစ်ဇာလန်-မှ ၃-ဦး၊ ဗဲလဂျီယမ်-မှ ၂-ဦး၊ နော်ဝေး-မှ ၂-ဦး၊ သြစတြီးယား-မှ ၂-ဦး၊ ဣတလီ-မှ ၁-ဦး၊ အာဂျင်တီးနား-မှ ၁-ဦး၊ ဒိန်းမတ်-မှ ၁-ဦး၊ နယ်သာလန်-မှ ၁-ဦး၊ အသီးသီး ရရှိခဲ့ကြလေသည်။ 

ကမ္ဘာပေါ်တွင် နိုဗဲဆုကို ၂-ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူမှာ မဒမ်ကျူးရီး ဆိုသူ အမျိုးသမီး ဖြစ်၏။ ကျူးရီးသည် ရူပဗေဒဆုကို ၁၉၀၃-ခုနှစ်တွင်၎င်း၊ ဓာတုဗေဒဆုကို ၁၉၁၁-ခုနှစ်တွင်၎င်း ဆွတ်ခူးနိုင်ခဲ့ပေသည်။

မေတ္တာဖြင့်
အရှင်ဓမ္မသာမိ (မော်လူး)
ပထမနှိပ်ခြင်း ၁၉၆၂-ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ ၆-မှ ကူးယူဖော်ပြသည်။

No comments: