Friday, January 4, 2013

လစဉ် ဟောစာတမ်း (ဇန်နဝါရီလ ၂၀၁၃)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဇန်နဝါရီလ ၂၀၁၃ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 402-359-3085 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေမှာ အခက်အခဲ တွေ့နေရမယ်၊ စိတ်မလေပါနဲ့၊ စိတ်အေးအေး ထားပါ၊ စီးပွားရေး ညံ့လို့ စိတ်ဓာတ်မကျပါနဲ့၊ အိမ်တွင်းရေး အဆင်ပြေအောင် နေပါ၊

ကျန်းမာရေး=ခါးအောက်ပိုင်း ဥပါဒ်ပေးတတ်တယ်၊ 


ယတြာ=စနေနေ့မှာ ထန်းသီးတစ်လုံး ရေမျှောပြီး လိုရာဆု တောင်းပါ၊ မွေးနေ့တိုင်း ဂုဏ်တော်ပုတီး ၉-ပါတ် စိပ်ပါ။ 
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ မိမိအိမ်မှာ ပျော်ရွှင်အောင် နေပါ၊ မည်တွန်တောက်တီးခြင်း မလုပ်ပါနဲ့၊ 
အလုပ်အတွက် စိတ်ညစ်စရာတွေကို သတိထားပါ၊ အိမ်တွင်းရေးတွေ ညံ့နေတယ်၊ 

ကျန်းမာရေး=ခါးနှင့်ခြေထောက်တွေ ဥပါဒ် ပေးတတ်တယ်။
ယတြာ=ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပါ၊ ဝတ္ထုငွေ ၂၆-ကျပ် လှူပါ၊ မွေးနေ့တိုင်း အဓိဋ္ဌာန်ပုတီး စိပ်ပါ။

*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ ငွေကြေးတွေ သတိထားပါ၊ လက်မလွန်ပါစေနဲ့၊ ဆုံးပါးတတ်သလို ဖြေရှင်းစရာတွေလဲ
 တွေ့ရတတ်တယ်၊ အလုပ်တွေ ပင်ပန်းသလောက် အကျိုးမရှိတာတွေ ဖြစ်နေလို့ စိတ်ဓာတ်မကျပါနဲ့၊ 
ကျန်းမာရေး=နဲနဲံ့နေတယ်။ 

ယတြာ=စနေနေ့ ၁၀-နာရီမှာ ဒံပေါက် တထုပ်နှင့်အတူ ငွေ-၂၉-ကျပ်နှင့် နှင်းဆီပန်း ၉-ပွင့်လှူပါ၊ ဂုဏ်တော်ပုတီး စိပ်ပါ။

 ********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းသစ် မပြောင်းပါနဲ့အုံး၊ စိတ်ကူးပေါ်လာတိုင်း လုပ်ချင်တာတွေ မလုပ်ပါနဲ့၊ စိတ်အေးအေး ထားပါ၊ ငွေအတွက် ပူပင်သောက ဖြစ်နေတိုင်း ဗျာမများပါနဲ့ တပိုင်းတစ ဖြစ်တတ်တယ်။ 
ကျန်းမာရေး=မကြာခဏ ဦးခေါင်းကိုက်တတ်တယ်။ 
ယတြာ=ဘုန်းကြီး (သို့) သီလရှင်ကို ဆေးဘိုးဓာတ်စာ လှူဒါန်းပါ။ လပြည့် လကွယ်နေ့တိုင်း သက်သတ်လွတ်စားပြီး အဓိဋ္ဌာန် ပုတီး ၉-ပါတ်စိပ်ပါ။

*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ  လုပ်ငန်းချဲု့ထွင်ရသလို ရာထူးအဆင်အတန်းလဲ မြင့်သွားတတ်တယ်။ အင်္ဂါနံ စက်တွေ စိန်တွေ ဝင်လာရတတ်တယ်။ မိတ်ဟောင်း ဆွေဟောင်းတွေရဲ့ ကူညီမှုတွေ ရလာပါလိမ့်မယ်။ 
ကျန်းမာရေး=သင့်ပါတယ်။        
ယတြာ=ဘုန်းကြီးကျောင်း (သို့) ဇရပ်မှာ မွေးနေ့မှာ တညအိပ်၍ ဝတ္ထုငွေ ၂၉-ကျပ်လှူပြီး ကျောင်းရှိချိုင့်ခွက်ကို မြေဖို့ပါ။ ဆီမီး ၉-တိုင် လှူပါ။

********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင်လေးတွေ ညံ့နေတတ်တယ်။ ပြီးခဲ့တဲ့နှစ်ကလဲ ငွေကြေးတွေ ကုန်ကျခဲ့ပြီးပြီ၊ ဒီနှစ်မှာလဲ ဆက်လက် ကုန်ရလိမ့်အုံးမယ်။ ငွေကြေး သတိထား သိမ်းဆည်းပါ ပျောက်တတ် ရှတတ်တယ်။ 

ကျန်းမာရေး=မိမိနှင့်အတူ အိမ်သားအားလုံး ကျန်းမာရေး ညံ့နေတတ်တယ်။

ယတြာ=ခက်ခဲနေတဲ့အလုပ်နှင့် ကျန်းမာရေးတွေအတွက် ဘုန်းကြီးကို စတုမဓူ လှူပါ၊ သီလရှင်ကို ထီး-လှူပါ၊ မွေးနေ့မှာ သက်သတ်လွတ်စားပါ၊ ဥပုသ်သီတင်း ဆောက်တည်ပါ။ 
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ တိုးတက်မယ်။ ချဲ့ထွင်ရတတ်တယ်၊ ရာထူးလဲ တိုးတက်တတ်တယ်။ အိုးပိုင် အိမ်ပိုင်အဖြစ်နဲ့ ပြောင်းရွှေ့ရတတ်တယ်။ လူမျိုးကွဲရဲ့ ကူညီမှုတွေ အပြည့်အဝ ခံစားရတတ်တယ်။ 
ကျန်းမာရေး=အရေပြားမှာ အဖုအပိမ့်ကလေးတွေ ထွက်တတ်တယ်။

ယတြာ=မွေးနေ့မှာ အဓိဋ္ဌာန်နှင့် သက်သတ်လွတ်စားပြီး ဂုဏ်တော်ပုတီး ၉-ပါတ် စိပ်ပေးပါ။ 




အားလုံး ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်


No comments: