Saturday, March 2, 2013

လစဉ် ဟောစာတမ်း ( မတ်လ ၂၀၁၃-ခု )

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မတ်လ ၂၀၁၃ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 402-359-3085 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေက ဖိပြီး ပင်ပန်းနေလိမ့်မယ်၊ ငွေကြေးတွေလဲ သောကများရတတ်တယ်၊ 
သတိထားရန်မှာ အလုပ်မှာ ပြဿနာပေါ်တတ်တယ်၊  အိမ်ထောင်ရေး ညံ့တယ်၊ 

ကျန်းမာရေး=သွေးနဲ့ ပတ်သက်၍သော်၎င်း၊ သွားကိုက် သွားနာသော်၎င်း ဖြစ်တတ်တယ်။ 


ယတြာ=လပြည့်လကွယ်နေ့တိုင်း သက်သတ်လွတ်စား၍ အဓိဋ္ဌာန်ပုတီးစိပ်ပါ။ 
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေ အခက်အခဲ တွေ့ရသလို ပြဿနာတွေလဲ ဖြစ်တတ်တယ်။
ငွကြေးလဲ ပြတ်နေတတ်တယ်။ အခြေအငှါး ဆင်ခြင်ပါ ဆုံးပါးတတ်တယ်။ 
အိမ်တွင်းရေး အဆင်မပြေ ဖြစ်နေလိမ့်မယ်။  

ကျန်းမာရေး=ညံ့တယ်။ အညောင်းအကိုက် ကြီးမယ်။

ယတြာ=မွေးနေ့မှာ အိမ်ကဘုရားအား ရွက်လ လေးညွန့်လှူ၍ သက်သတ်လွတ်စားပြီး အဓိဋ္ဌာန်ပုတီးစိပ်ပါ။


*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ အသုံးအစွဲ ဆင်ခြင်ပါ။ ပြီးခဲ့တုန်းကလဲ ကုန်ခဲ့ပြီ၊ ကျန်တာလေး ဆက်ပြီး ကုန်လိမ့်မယ်။ 
အလုပ်အတွက် သောကများနေမယ်။ သတိထားရန်မှာ ငွေတွေ ဘာတွေ ပျောက်တတ်တယ်။ 
ကျန်းမာရေး=ဝမ်းရေနဲ့ ပတ်သက်လို့ ဥပါဒ်ပေးမယ်။
ယတြာ=စနေနေ့ နံနက် စောစော စနေထောင့်မှနေ၍ ထီးနီ သက်စေ့လှူပါ။ 

 ********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင် အသစ်တွေ ပေါ်တတ်တယ်။ လူအများရဲ့ ကြည်ညိုလေးစားမှုတွေလဲ ခံရလိမ့်မယ်။ မျက်နှာ ပွင့်တယ်၊ လူချစ် လူခင် များမယ်။ ငွေရေး ကြေးရေး အဆင်ပြေပါတယ်။ 
ကျန်းမာရေး=သင့်ပါတယ်၊ တခါတရံ ဦးခေါင်း ကိုက်တတ်တယ်။ 
ယတြာ=မိမိမွေးနေ့မှာ ရွှေထီး ၂-လက်ကို ဘုရားမှ ကြက်ခြေခတ်ပြီး လှူပါ။

*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ  လုပ်ငန်းတွေ အဆင်ပြေနေလိမ့်မယ်။ ရပ်ဝေး ရပ်နီ ခရီးတွေလဲ သွားရတတ်တယ်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်တယ်။ အိမ်ထောင်ရေး သင့်သလို ကျန်းမာရေးလဲ သင့်ပါတယ်။ 
ကျန်းမာရေး=သင့်ပါတယ်။        
ယတြာ=မကြာမကြာ သက်သတ်လွတ်စားပြီး အဓိဋ္ဌာန်ပုတီး စိပ်ပါ။


********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်း ပြောင်းတာတွေ ရွှေ့တာတွေ မလုပ်ပါနဲ့ လုပ်နေကြကိုပဲ ဆက်လုပ်ပါ။ သတိထားရန်မှာ 
အိမ်ထောင်ဘက်က အထင်လွဲတတ်သလို မြေကိစ္စ အမွေကိစ္စတွေနဲ့ ပတ်သက်လို့ စကားများရတတ်တယ်။
ငွအတွက်လဲ ပူပင်သောက များရတတ်တယ်။ 


ကျန်းမာရေး=ဦးခေါင်းကိုက်သလို အကိုက်အခဲ ဖြစ်တတ်တယ်။ 
ယတြာ=မွေးနေ့မှာ ကော်ဖီ တခွက်နဲ့ ကိတ်မုန့်တချပ် ဘုရားမှလှူပြီး အဓိဋ္ဌာန်ပုတီး စိပ်ပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လူအနေနဲ့ အောင်မြင်သလို မျက်နှာလဲ ပွင့်တတ်တယ်၊ လာဘ်လာဘလဲ ရွှင်တယ်၊ 
အလုပ်အတွက်တော့ စိတ်ညစ်စရာတွေ ပေါ်တတ်တယ်။ 
ကျန်းမာရေး=ဦးခေါင်းနဲ့ ဝမ်းရေ ဥပါဒ်ပေးတတ်တယ်။

ယတြာ=တနင်္လာနေ့မှာ ကြာဖူး ၂-ပွင့်ဖြင့် အိမ်က ဘုရားအား ရေသပ္ပါယ်ပါ။ 





အားလုံး ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: