Thursday, May 2, 2013

လစဉ် ဟောစာတမ်း ( မေလ-၂၀၁၃ )

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မေ ၂၀၁၃ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 402-359-3085 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေရော လာဘ်လာဘပါ ကောင်းသလို ခရီးယာယီလဲ သွားလာလုပ်ရှားရတတ်တယ်။ လပ်ငန်းတွေလဲ ကောင်းမွန်တိုးချဲ့ရတတ်သလို အချစ်ရေး အိမ်ထောင်ရေးလဲ ကောင်းပါတယ်။ အကြီးအကဲရဲ့ ကူညီစောင်မမှုလဲ ခံရတတ်တယ်။

ကျန်းမာရေး=သင့်ပါတယ်။


ယတြာ=မွေးနေ့မှာ ကြာပန်းအဖြူရောင် ၂-ပွင့်နဲ့အတူ သစ်သီး ၁၅-လုံးကို မွေးနံဒေါင့်အရပ်ကို မျက်နှာမူပြီး လှူဒါန်းကာ လိုရာဆုကို တောင်းက အစစအရာရာ အဆင်ပြေပါလိမ့်မည်။ 
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ  အစစအရာရာ သတိထား လုပ်ကိုင်ပါ။ ပျောက်တတ် ရှတတ်တယ်။ ငြင်းခုံမှုတွေနဲ့ 
တွ့ရတတ်သလို လုပ်ငန်းတွေမှာကြတော့ နေရာကောင်းတွေ ရတတ်တယ်။ မမျှော်လင့်ဘဲ အမှုအခင်းလေးတွေနဲ့ပါ ကြုံရတတ်လို့ ကားကို သတိထားပြီး မောင်းပါ။ 

ကျန်းမာရေး=ဆွေမျိုး အကြီးအကဲတွေ ဖျားတတ် နာတတ်သလို မိမိမှာလဲ အရေပြားပေါ်မှာ အဖုအပိန့်ကလေးတွေ ပေါက်တတ်တယ်။ 

ယတြာ=မိမိမွေးနေ့မှာ ဖြစ်စေ၊ လပြည့်လကွယ်နေ့တိုင်း မွေးနံဒေါင့်မှနေပြီး ဘုရားကို ရေ ၈-ခွက် သပ္ပါယ်ကြည်ညိုပြီး ဇီးသီး ၈-လုံးလှူကာ လိုရာဆုတောင်းပါ အဆင်ပြေပါလိမ့်မည်။


*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ အဆင်ပြေပြီး ကောင်းနေတဲ့အချိန်မျိုးမှာ အချိန်ကို တန်ဘိုးထား လုပ်ကိုင်ပါ။ အချိန်ကို အလကား မဖြုန်းပါနဲ့။ လာဘ်လာဘတွေ ရွှင်သလို မျက်နှာလဲ ပွင့်တယ်။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေပါတယ်။
ကျန်းမာရေး=ကောင်းတယ် ဆိုပေမယ့် ဝမ်းရေကတော့ ဥပါဒ်ပေးတတ်တယ်။ 

ယတြာ=မီးမဖြစ်ဘဲ ထီးဖြစ်ရအောင် ရေသော်၎င်း၊ ယပ်သော်၎င်း လဖက်ထုပ်လေးနဲ့အတူ မိမိရဲ့မွေးနေ့မှာ လှူပြီး ဆုတောင်းပေးပါက အစစအရာရာ အဆင်ပြေနိုင်ကြောင်း အကြံပေးလိုက်ပါသည်။

 ********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ  အဆင်မပြေတာလေးတွေနဲ့ မကြာမကြာ တွေ့ကြုံရတတ်တယ်။ ကိုယ်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ စိတ်ဝမ်းကွဲမှုတွေနဲ့ တွေ့ကြုံရတတ်တယ်။ ငွေရေးကြေးရေးနဲ့ သောကများ ရတတ်သလို ဖြေရှင်းစရာ ပြဿနာတွေ ပါလာတတ်လို့ အစစအရာရာ သတိထား လုပ်ကိုင်ပါ။ 
ကျန်းမာရေး=ညံ့နေသေးတယ်။ ညံ့တယ်ဆိုတဲ့အထဲက ထီဆုကြီးတော့ ပေါက်တတ်တယ်။
ယတြာ=မိမိမွေးနံ ဘုရားမှာ မျက်နှာကျက်ကလေးတထည်လောက် ချုပ်လှူပြီး ဆုတောင်းပေး လိုက်ရင် ကောင်းလာပါလိမ့်မယ်။ 

*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင်လေးတွေ ညံ့နေတတ်သလို အစစ အဆင်မပြေမှုလေးတွေကြောင့် ဟိုပြောင်းရမလို ဒီပြောင်းရမလို ဗျာများမနေပါနဲ့၊ ပြောင်းရွှေ့ရင် မိတ်ဆွေအတွက် ကောင်းမလာဘဲ အညံ့နဲ့ဘဲ ကြုံတွေ့ရတတ်တာမို့ မပျောင်းစေချင်ပါ။
ကျန်းမာရေး=အိမ်တွင်းရေးတွေက ဟိုကတမျိုး ဒီကတဖုံ ဖြစ်နေရတတ်သလို ငွေရေးကြေးရေးကပါ စိတ်သောက များစရာတွေနဲ့ ကြုံတွေ့နေရတတ်ပါတယ်။ 

ယတြာ=အသက်ကြီးတဲ့ လူမမာကို ဖြစ်စေ၊ လမဲမဲကြီးကို ဖြစ်စေ ဆေးဖိုးအနေနဲ့ တတ်အားသမျှ လှူဒါန်းနိုင်ရင် ကောင်းလာပါလိမ့်မယ်။ 


********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ  အကြီးအကဲတွေရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် လုပ်ငန်းတွေ တိုးတက်သလို ခရီးယာယီ သွားလာမှုတွေနဲ့ လာဘ်လာဘတွေ ရွှင်ပြီး မိတ်သစ်ဆွေသစ်တွေနဲ့ ကြုံတွေ့နေရတတ်တယ်။ ခရီးတွေကလဲ သွားသလောက် ရောက်သလောက် အဆင်ပြေနေတတ်တယ်။ အချစ်ရေး အိမ်ထောင်ရေးလဲ သင့်ပါတယ်။

ကျန်းမာရေး=အနာဟောင်းတွေက မကြာမကြာ ဥပါဒ်ပေးခြင်း ခံရတတ်တယ်။ 

ယတြာ=မိတ်ဆွေရဲ့ မွေးနေ့အချိန် ၁၀-နာရီ ၁၀-မိနစ်မှာ ဘုရားကိုပဖစ်စေ၊ ရဟန်းကိုပဲ ဖြစ်စေ စတုမဓူကို လှူပါ။ 
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ ပိသလောက် အကျိုးသက်ရောက်မှုတွေက နည်းပါးပြီး စိတ်သောကတွေက များနေရတတ်တဲ့ အချိန်မျိုးနဲ့ ကြုံတွေ့နေရတတ်တယ်။ ဒီလိုအချိန်မျိုးမှာ ဖြစ်နိုင်ရင် အချေးအငှားကို အတတ်နိုင်ဆုံး ဆင်ခြင်ပါ။ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတတ်တယ်။ 
ကျန်းမာရေး=ခါးအောက်ပိုင်းက ဥပါဒ်ပေးတတ်တယ်။ 

ယတြာ=ထမနဲ ဖြစ်စေ၊ ထနှောင်း ထနို့ ဖြစ်စေ၊ ဒေါနနီ ဖြစ်စေ၊ နွားနို့ဖြစ်စေ၊ နနွင်းတက် ဖြစ်စေ ရရာ ၃-မျိုးကို စနေနေ့ စနေသားအား လက်ဆောင်ပေးကမ်း လှူဒါန်းလိုက်ပါ။


အားလုံး ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: